ပထမဦးဆုံး ရန်ကုန် – ကျိုက်ထီးရိုး – ဘားအံ့- ရန်ကုန်ခရီးစဉ် လေယာဉ်အနိမ့် ပျံသန်းမယ်

ဒီဇင်ဘာ ၁၈-၂၀၂၀
ယဉ်ပပထွန်း ( VOM)

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် အနိမ့်ပျံသန်းမယ့် ရန်ကုန် -ကျိူက်ထီးရိုး – ဘားအံံ့ – ရန်ကုန်ခရီးစဉ်ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာအမျိုးသားလေကြောင်းရဲ ့ATR-72 လေယာဉ်နဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်(၉ )နာရီကနေ စတင်ပျံသန်းသွားမှာဖြစ်ပါတယ်။

ပျံသန်းရာမှာ ရန်ကုန်လေဆိပ်ကနေ ကျိုက်ထီးရိုး – ဘားအံ ဝန်းကျင်တစ်ဝိုက်အထိ အမြင့်ပေ ၃၀၀၀ ခန့်မှပျံသန်းကာ ရန်ကုန်လေဆိပ်ကို ပြန်လည်ဆင်းသက်မှာ ဖြစ်ပါတယ်။

ပျံသန်းနေချိန်အတွင်းမှာ ဘားအံ့ တစ်ဝိုက်ရှိ ကောင်းကင်မှ ရှုခင်းအလှအပများကြည့်နိုင်မှာဖြစ်သလို ကျိုက်ထီးရိုးစေတီတော်ကြီးကိုလည်း ကောင်းကင်ကနေ ဖူးမျှော်ကြည်ညိုနိုင်ဖို့အတွက် စေတီတော်တစ်ဝိုက်ပတ်ပြီး ပျံသန်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

” ခရီးစဉ်က နေ တိုင်းမထွက်ပါဘူး ။ လေယာဉ်ကိုတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက စင်းလုံးဌာနက ပျံသန်းတာဖြစ်ပါတယ်။ ကျနော်တို့နဲ့ သူတို့အသင်းနဲ့ပူးပေါင်းပြီးလုပ်တာပါ”လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းတာ တာဝန်ရှိသူတစ်ဦးကပြောပါတယ် ။

လိုက်ပါစီးနင်းလိုသူတွေအနေနဲ့ ပုံမှန်ခရီးစဉ်စီးနင်းမယ့် ခရီးသည်တွေလို အခုထုတ်ပြန်ထားရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လေကြောင်းလိုင်းတို့က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့လိုတယ်လို့ သိရပါတယ်။

အဲ့ဒီခရီးစဉ်အတွက် ဈေးနှုန်းကတော့ Window Seat အတွက် ၉၀၀၀၀ ကျပ်နဲ့ Aisle Seat အတွက် ၆၀၀၀၀ ကျပ် ဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ပြန်ကြားရေးကော်မတီကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW