ဗစ်တိုးရီးယားအမှုမှာ မှားဖမ်းခံရတဲ့ ကိုအောင်ကြီးက နစ်နာကြေးငွေ သိန်း ၅၀၀၀ ရလိုမှုနဲ့ တရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်

နေပြည်တော်၊ ဒီဇင်ဘာ- ၁၈- ၂၀၂၀
တာတီး(VOM)

နေပြည်တော်က ဗစ်တိုးရီးယားအမှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုအောင်ကြီးကို မှားယွင်းဖမ်းဆီးခဲ့တဲ့အတွက် နစ်နာကြေး သိန်း ၅ထောင်ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲခဲ့တဲ့ ကိုအောင်ကြီးရဲ့ ပထမဆုံးရုံးချိန်းကို ဒက္ခိဏခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ဒီကနေ့ကျွန်တော်တို့တင်တဲ့အဆိုလွှာမှာအကျအပေါက်၊ အတိမ်းအစောင်းမရှိဘူးလို့ တရားရုံးကဆုံးဖြတ်ပါတယ်၊ အကျအပေါက်အတိမ်းအစောင်းမရှိတဲ့အတွက်ကြောင့် အဆိုလွှာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပို့ပြီးတော့ တရားမမှုတွေရဲ့ သဘောသဘာဝအရ ငြင်းချက်သမ္မာန်စာတစ်ဖက်ကိုထုတ်ရတယ်၊ အဆိုလွှာနဲ့တွဲပြီးငြင်းချက်သမ္မာန်စာထုတ်ရတယ်၊ ချိန်းတဲ့နေ့မှာငြင်းဆိုမယ်ဆိုရင်ခင်ဗျားသော်၎င်း၊ကိုယ်စားလှယိသော်၎င်းရှေ့နေသော်၎င်း၊တရားရုံးကိုခြေပလွှာတင်ပါဆိုပြီးတရားရုံးကတစ်ဖက်ကိုငြင်းချက်သမ္မာန်စာထုတ်ရပါတယ်၊ အဲလိုဖြစ်စဉ်တွေရှိလို့ တရားရုံးကအမိန့်ချလိုက်ပြီ ။ ရဲချုပ်ကိုဦးတည်ပြီးတော့ တရားရုံးကအမိန့်ဒီနေ့ထုတ်ပါပြီ၊ ဘယ်သူလာမယ်ဆိုတာတော့မသိဘူး၊ကျွန်တော်တို့ကစွဲထားတာကမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့ရဲ့ဦးစီးဦးဆောင်ကရဲချူပ်ပေါ့နော်..သူကတော့တစ်ယောက်ယောက်ကိုတာဝန်ပေးမယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်တရားရုံးကဆင့်ခေါ်ပြီဖြစ်တဲ့အတွက် လာရမယ်.လာရမယ့်နေ့က ဇန်နဝါရီ ၁၅ ရက်နေ့ဖြစ်ပါတယ်၊” “လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

တရားရုံးက ငြင်းချက်ထုတ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆင့်ခေါ်စာထုတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ရုံးချိန်းကိုတော့ ဇန်နဝါရီ ၁၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ကာယကံရှင် ကိုအောင်ကြီးကတော့

အမှုမဖြစ်ခင်နေရတဲ့ပုံစံနဲ့ ခုလိုစွပ်စွဲခံရပြီးနောက် နေထိုင်ရတဲ့အခြေအနေမတူတော့ပါ၊ စိတ်မွန်းကျပ်ပြီး နေရတာ အဆင်မပြေဘူးလို့ ဆိုပါတယ်။
ကိုအောင်ကြီးကို ၂၀၁၉ မေလ ၃၀ရက်က ပထမအကြိမ်ဖမ်းပြီး ဇွန်လ ၂၄ ရက်မှာ အာမခံနဲ့ ပြန်လွှတ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ဇူလိုင် ၄ ရက်မှာ ပြန်ဖမ်းခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာ ၁၂ ရက်မှာ တရားရှင်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ ဗစ်တိုးရီးယားရဲ့အမှုဟာ တရားခံအစစ်ဖမ်းဆီးနိုင်ခြင်းမရှိသေးလို့ တိုးတက်မှုမရှိသေးဘဲ တရားခွင်မှာဘဲရှိနေပါသေးတယ်။

 

#VOM #voiceofmyanmar #အောင်ကြီး #ဗစ်တိုးရီးယား #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW