ပြည်မြို့က ပုဂ္ဂလိကဆေးရုံမှာကုသမှုခံယူနေတဲ့ လူနာတစ်ဦး ကိုဗစ်ပိုးတွေ့ရှိပြီး သေဆုံး

ဒီဇင်ဘာ ၂၀-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပြည့်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေရင်း ရောဂါမသက်သာတာကြောင့် ပြည်မြို ကုတင် ၅၀၀ ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ပြီး ဆေးစစ်နေချိန် လူနာသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

လူနာသေဆုံးပြီးနောက် ဆေးစစ်ချက်ရလဒ်ထွက်ရှိမှုက ကိုဗစ်ပိုးရှိကြောင်း တွေ့ရှိရတဲ့အတွက် လူနာတက်ရောက်ခဲ့တဲ့ ပုဂ္ဂလိကဆေးရုံကို ဒီနေ့ကစပြီး ၁ ပတ် ပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

“ထိစပ်ကတော့ ၂၅ ယောက်ပတ်ဝန်းကျင်လောက်ရှိပါတယ်။ ဟုတ်တယ် အောင်လံကလာတဲ့လူနာဖြစ်တယ်။ ဇော်မြင့်မိုရ်မှာ ၃ ရက်တက်တယ် ၊နောက် ပြည်ဆေးရုံကြီးမှာ စစ်ဆေးလိုက်တဲ့အခါ positive ထွက်ပြီး သေဆုံးသွားတာဖြစ်တယ်။ လက်ရှိ ဇော်မြင့်မိုရ်ဆေးရုံမှာတက်နေတဲ့ လူနာ ၆ ယောက်ကို ပြည်ဆေးရုံကြီးကို လွှဲပြောင်းပို့ထားတယ်။ နောက် ဒီဆေးရုံကဝန်ထမ်းတွေ ထိစပ်သူအားလုံး ၂၅ ယောက်ပေါ့”လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကေခိုင်ဝင်းကပြောပါတယ်။

သေဆုံးလူနာဟာ ‌အောင်လံမြို့ကနေလာရောက်ပြီး ပြည်မြို့ရှိ ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး ဆေးကုသမှုခံယူနေစဉ်မှာ ကိုဗစ်ရောဂါလက္ခဏာ တွေ့ရှိရတာကြောင့် ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆေးရုံကြီးရောက်ရှိချိန် လူနာဟာ ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာ positive တွေ့ရှိခဲ့တာဖြစ်ပြီး လူနာကတော့ ဆေးစစ်ချက်ရလဒ် မထွက်မီ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပိုးတွေ့ သေဆုံးလူနာနဲ့ပတ်သက်ပြိး ထိစပ်သူတွေထဲက ဆေးရုံဝန်ထမ်းကို ကံာရန်တင်းစင်တာပို့ထားပြီး ၊ လူနာတွေကိုတော့ ပြည့်သူ့ဆေးရုံကြီးကို့ပို့လိုက်ပြီလို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဆေးရုံက ထိစပ်တွေကို ပြောင်းရွှေ့ပေးခဲ့တဲ့ ပစ်တိုင်းထောင် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးဖြစ်သူကိုအောင်လေးက “ဇော်မြင့်မိုရ်ဆေးရုံမှာ ဘယ်လိုဖြစ်ခဲ့လဲတော့မသိ ဘူး။ ကျန်းမာရေးဌာနဆုံးဖြတ်ချက်အရကတော့ ဆေးရုံမှာရှိတဲ့လူနာတွေကို ဆေးရုံပြောင်းခိုင်းတယ်။ ဒါကြောင့်ဆေးရုံပြောင်းတဲ့တာဝန်ယူပြီးတော့ လူနာတွေကို ပြည်သူ့ဆေးရုံကို ပြောင်းပေးရတယ်။ ထိစပ်မှု ရှိ၊မရှိတော့မသိဘူး။ ကျနော်တို့ကတော့ PPE နဲ့ ပို့ဆောင်တာပါ။ ဆေးရုံမှာရှိတဲ့လူနာနဲ့ လူနာစောင့်အပါအဝင် အယောက် ၂၀ ပါ။ ဒုတိယတစ်ယောက်က ဆေးရုံဝန်ထမ်းတွေက ၁၀ ယောက်လောက်ရှိမယ်။ အဲ့ဒီအထဲက ခန့်မှန်းချေ ဆေးရုံကြီးကို ၂၁ ယောက်လောက်ပို့ရတယ်။ သန္တာဆောင်ကွာရန်တင်းစင်တာကို ၁၀ ယောက်ဝန်းကျင်လောက်ပို့ရတယ်”လို့ ပြောပြပါတယ်။

ကိုဗစ်ပိုးတွေ့ပြီး သေဆုံးခဲ့တဲ့လူနာကိုတော့ သေဆုံးပြီးတာနဲ့ ချက်ခြင်းသဂြိုၤလ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်မြို့က ကုတင် ၅၀၀ ဆေးရုံကြီးဟာ ခရိုင်အဆင့်ဆေးရုံကြီးဖြစ်တာကြောင့် ပြည်ခရိုင်သာမက၊ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်းထဲက အောင်လံအပါအဝင် အခြားမြို့နယ်တွေ၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းထဲကနေလည်း လာရောက်ဆေးကုသမှုရှိနေတာကြောင့် ကုသမှုခံယူရင်း ကိုဗစ်ပိုးတွေ့လူနာရှိခဲ့ပါကလည်း ပြည်ဆေးရုံကြီးမှာပဲ ကုသမှုပေးနေတာဖြစ်ပါတယ်။

Photo-pyay thar lay
#voiceofmyanmar #VOM #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW