လူသေဆုံးတဲ့ ယာဉ်တိုက်မှုကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်မောင်းကို လိုင်စင်မဲ့ယာဉ်လက်ဝယ်တွေ့ရှိမှုနဲ့ အမှုဖွင့်

ဒီဇင်ဘာ ၂၁-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ ဒီဇင်ဘာ၂၀ ရက် ညနေပိုင်းက လူတစ်ဦးသေဆုံး
ခဲ့ရတဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်က ပရဟိတလူနာတင်ယာဉ်မောင်းနင်သူကို လိုင်စင်မဲ့မော်တော်ယာဉ် လက်ဝယ်တွေ့မှုနဲ့ အမှုဖွင့်ထားတယ်လို့ သထုံမြို့မရဲစခန်းမှစုံသိရှိရပါတယ်။

” လူမှုကယ်ဆယ်ရေးယာဉ်က ကျန်းမာရေးဝန်ထမ်းတွေတင်လာပြီးမောင်းလာတာပါ။ ဆိုင်ကယ်က ရုတ်တရက်ထွက်လာချိန် တိုက်မိတာဖြစ်ပါတယ်၊ ဆိုင်ကယ်သမားက ဆေးရုံမှာ ဆုံးသွားပါတယ်။ ဆိုင်ကယ်သမား မှားတာဖြစ်လို့သေဆုံးသူကို လူသေမှုနဲ့အမှုဖွင့်သလို ပရဟိတယာဉ်မောင်းနင်သူကို လိုင်စင်မဲ့ယာဉ်လက်ဝယ်တွေ့မှုနဲ့ အရေးယူရပါတယ်”လို့ သထုံမြိုမရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူနာတင်ယာဉ်ဟာ ကျိုက်ထိုမြို့ဘက်ကနေ ဘားအံဘက်ကို မောင်းလာချိန် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် ၁၄၇/၅ နားအရောက်မှာ အသက်(၇၃ နှစ်)အရွယ် အမျိုးသားကြီး မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းယာဘက်ခြမ်းကနေ ချိုးကွေ့လိုက်ချိန် တိုက်မိခဲ့တာဖြစ်တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။

အဲ့ဒီလူနာတင်ယာဉ်ဟာ ရန်ကုန်မှာ ယာယီတာဝန်ထမ်းဆောင်ပြီး ပြန် လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တောင်းတံတားထိပ်မ‌ှာ သွားကြိုပြီး ဘားအံကို ပြန်လာချိန် ယာဉ်မတော်တဆဖြစ်ပွားတာဖြစ်ပါတယ်။

ဆိုင်ကယ်သမားအမျိုးသားကတော့ ရရှိတဲ့ဒဏ်ရာတွေနဲ့ သထုံဆေးရုံကြီးမှာ ကွယ်လွန်သွားတာလည်း ဖြစ်ပါတယ်။

ယာဉ်မ‌တော်တဆမှုနဲ့ပတ်သက်ပြီး သေဆုံးသွားသူကို သထုံမြို့မရဲစခန်းမှ (ပ)၉၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၀၄(က)၊ လူနာတင်ယာဉ်မောင်းသူကို (ပ) ၅၈၇/၂၀၂၀၊ တရားမဝင်ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ-၈နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ

Related posts

Leave a Comment

VOM News

FREE
VIEW