ဖွံ့ဖြိုးဆဲနိုင်ငံတွေကို WHO က ဇန်နဝါရီလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးပေးတော့မယ်

ဂျီနီဗာ၊ ဒီဇင်ဘာ၂၂-၂၀၂၀
မျိုးဆက် (VOM)

Pfizer နဲ့ BioNTech ကုမ္ပဏီတို့ကထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဖို့အတွက် များမကြာမီမှာ ခွင့်ပြုချက်ပေးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောပါတယ်။

အဲဒီဆုံးဖြတ်ချက်ကို ယခုနှစ်ကုန်မှာ ချသွားဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး မာရီအိန်ဂျလာဆီမွန်က ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကိုပြောပါတယ်။ခွင့်ပြုချက်ရရှိပြီးနောက် ကာကွယ်ဆေးဖြန့်ဖြူးမှုတွေပါ WHO ကလုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ မျှတစွာဖြန့်ဖြူးဖို့ ကမ္ဘာလုံးဆိုင်ရာ မူဘောင်ဖြစ်တဲ့ COVAX အစီအစဉ်အောက်မှာ ဇန်နဝါရီလနှောင်းပိုင်းမှစပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် စတင်ဖြန့်ဖြူးသွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သိပ္ပံဆိုင်ရာ အကြီးအကဲ ဆွာမိနာသန်က ပြောပါတယ်။

Pfizer နဲ့ BioNTech ကုမ္ပဏီထုတ်ကာကွယ်ဆေးဟာ အဲဒီအစီအစဉ်မှာ မပါဝင်ပေမယ့် အဲဒီကာကွယ်ဆေးကို ဖြန့်ဖြူးနိုင်ဖို့အတွက် WHO ကတာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းမှုတွ ပြုလုပ်နေကြပါတယ်။

ကာကွယ်ဆေးဖြန့်ဖြူးတဲ့စနစ် ကိုယ်ပိုင်မရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်လုပ်ထုံးလုပ်နည်းတွေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အရေးပေါ်အသုံးပြုမှု အတည်ပြုချက်တွေကို ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW