ဘုန်းကြီးမောင်းလာတဲ့ကားထဲက နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦး ဖမ်းမိ

ဒီဇင်ဘာ ၂၄-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပြည်မြို့မှာ ဘုန်းကြီးတစ်ပါးမောင်းနှင်လာတဲ့ ကားထဲကနေ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးကို ဒီကနေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားမဲ့အထောက်အထားသူ ၁၃ ဦးထဲမှာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ပြီး အဲ့ဒီ ၁၃ ဦးကို သယ်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူ ဘုန်းကြီးကတော့ ထွက်ပြေးသွားတဲ့အတွက် လက်ရှိအချိန်မှာ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“ဆွေးနွေးဘုရားလမ်းထောင့်မှာတွေ့တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သတင်းပို့တယ်၊ ကျနော်တို့သွားကြည့်တော့ ယာဉ်မောင်းလာတာက ဘုန်းကြီး၊ ဘုန်းကြီးကတော့ ထွက်ပြေးသွားတယ်။ နောက်မှာအားလုံးက ၁၃ ဦး၊ အမျိုးသမီးက ၁၂ ဦး အမျိုးသားက ၁ ဦး၊ မေးတော့လည်း ဗမာလို ဘာညာပြန်မပြောဘူး။ လောလောဆယ်အကြမ်းဖျင်း ဒီလောက်ပဲသိရသေးတယ်”လို့ ပြည်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းကပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့ ၁၃ ဦးကို ပြည်မြို့က ကွာရန်တင်းနေရာဖြစ်တဲ့ သူနာပြု camp ကိုပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့ နဲ့ လ.ဝ.က တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“သူနာပြုcamp မှာထည့်ထားတယ်။ ယာဉ်မောင်းက ဘုန်းကြီးလို့ပြောတယ်။ ပြည်ဈေးကြီးထဲကို ထွက်ပြေးသွားတယ်ပြောလို့ လိုက်ရှာနေတယ်။ အခုထိမတွေ့သေးဘူး။ မောင်တောကလာတယ်လို့ သိရတယ်”လို့ ထွက်ပြေးနေတဲ့ယာဉ်မောင်းကိုလိုက်လံရှာဖွေနေတဲ့ စေတနာ့ဝန်ထမ်း ကိုသိန်းမင်းထွန်းကပြောပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ်၊ မောင်တောကနေ လာရောက်ကြသူတွေဖြစ်ကြောင်း ပြည်မြို့စစ်ဆေးရေးဂိတ်ကိုဖြတ်ကျော်လာပြီး မြို့အတွင်းရောက်မှ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #ဘုန်းကြီးကားထဲက #အထောက်အထားမဲ့သူတွေ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW