အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင်

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀
ဦးထွန်း(VOM)

တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း ကို ကန့်ကွက်လွှာတင်ဖို့ မြန်မာစီးပွားရေးဘဏ်ကို ငွေ ၅ သိန်းပေးဆောင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့မှာ ကန့်လွှာတင်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။

“ကျွန်တော်က သူရတဲ့မဲရလာဒ်ကို ကန့်ကွက်တာကြောင့် သူရတဲ့မဲတွေသည်ခိုင်လုံမဲအစစ်အမှန်မဟုတ်ကြောင်း သက်သေအထောက်အထားတွေနဲ့ကန့်ကွက်လွှာတင်မှာပါ။ မေးမြန်းစုံစမ်းမှုအရ ကန့်ကွက်လွှာတင်ဖို့အတွက်ငွေ ၅ သိန်းလာသွင်းသူ ၁၃၀ ကျော်ပြီဖြစ်ကြောင်းသိခဲ့ရပါတယ်၊ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာကန့်ကွက်လွှာတင်မယ့်သူများမယ်ထင်ပါတယ်၊ ကျွန်တော်လေ့လာမိသလောက်ကတော USDP ကလည်း ၅၀ ကျော်လောက်ကန့်ကွက်လွှာတင်မယ်လို့သိရပါတယ်” လို့ ဦးမော်ထွန်းအောင် က ပြောပါတယ်။

တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း က မဲအရေအတွက် ၄၉၂၂၁ နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်ကတော့ မဲအရေအတွက် ၄၆၁၆၉ ရရှိခဲ့ကြတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #Naypyitaw #UEC #ကန့်ကွက်လွှာ #လွှတ်တော်ကိုယ်စားလှယ်လောင်း #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW