Music Zone မြေနေရာကို ၂၀၂၁ခုနှစ်မှာ အစိုးရပိုင်မြေအဖြစ် ပြန်သိမ်းမယ်

ဒီဇင်ဘာ ၂၄-၂၀၂၀
ယဉ်ပပထွန်း (VOM)

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ Music Zone မြေနေရာကို အစိုးရပိုင်မြေနေရာအဖြစ်နဲ့လာမယ့် ၂၀၂၁ခုနှစ်မှာ ပြန်လည်သိမ်းယူမယ်လို့သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက VOMကိုပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က ပြန်လည်ကျင်းပတဲ့ ပြည်သူလွှတ်တော်မှာ Music Zone ကိစ္စဟာ တရားဥပဒေနဲ့အတူ ညီညွှတ်မူမရှိသလို လုပ်ထုံးလုပ်နည်းနဲ့လည်း ညီညွှတ်မူမရှိတာကို သိရပါတယ်။ ထိုမြေကို စပြီးငှားချိန်က ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို အသုံးပြုဖို့ငှားရမ်ထားပေမယ့် လက်ရှိမှာက အဲ့ဒီအသင်းကမရှိတော့ဘဲ ပါတီဖြစ်သွားခဲ့တယ်။ ဒါကြောင့် အရင်ကငှားချိန်က ပြည်သူ့လုပ်ငန်း ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ငှားရမ်းခဲ့ပေမယ့် စီးပွားရေးသမားတွေကို တဆင့်ပြီးတဆင့် ငှားရမ်းတာရောင်းချခဲ့တာတွေကြောင့် စည်းကမ်းနဲ့မညီညွှတ်တဲ့အတွက် ဒီမြေကို အစိုးရပိုင်အဖြစ်နဲ့ပြန်လည်ရယူဖို့အစီအစဉ်ရှိ၊မရှိကို မေးမြန်းခဲ့ပါတယ်၊ ကျွန်တော်ကိုပြန်ဖြေတာက မြေအသုံးပြုခွင့်ကို ရပ်ဆဲပြီး အစိုးရမြေအဖြစ်ပြန်လည်သတ်မှတ်ကာ မြေစီမံခန့်ခွဲမူလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြန်လည်ဖြေပါတယ် “လို့ ဦးရွှေလှဝင်းက VOMကိုပြောပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ Music Zoneက ကာရာအိုကေ(KTV)လုပ်ငန်း ကို တရားမဝင်ဖွင့်ခဲ့တာကြောင့် ကိုဗစ်ရောဂါအများဆုံးတွေ့တဲ့ နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

” တရားရင်ဆိုင်တာက သက်သက်၊ မြေပိုင်ဆိုင်မူက သက်သက်ပါ ။ ပြည်သူ့လွှတ်တော်မှာ ဖြေပြီးသွားပြီဆိုတော့ မကြာခင်အကောင်အထည်ဖော်ဆောင်ရွက်ရမှာပါ။ ဝန်ကြီးဌာနရဲ့ဆောင်ရွက်မူအပေါ်မှာမူတည်ပါတယ်။ နည်းနည်းပါးပါး ကြာတာလေးတော့ရှိမယ်။ အခုလက်ရှိတောင် စာထုတ်လောက်နေပါပြီ”လို့ ဦးရွှေလှဝင်းက သုံးသပ်ပြောပါတယ်။

Music Zone KTV နဲ့ စားသောက်ဆိုင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ရက်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ ဆိုင်ပိုင်ရှင် ဦးဇော်မင်းနဲ့ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေနဲ့တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #MusicZone #မြေနေရာ #အစိုးရပိုင်သိမ်းမယ်

Related posts

Leave a Comment

VOM News

FREE
VIEW