ဂန့်ဂေါက တပ်ပိုင်ဧရိယာအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ဖို့သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ဦးပြန်လှည့်ခဲ့ရ

ဒီဇင်ဘာ၂၅-၂၀၂၀
ဂျန်ကိုးလ်(VOM)

ဂန့်ဂေါမြို့နယ်၊ ကျောနယ်အုပ်စု၊ က.ပ.စ-၂၃ တပ်ဧရိယာအတွင်းက  ကျေးရွာတချို့ကို ဒေသဖွံ့ဖြိုးရေးကိစ္စတွေဆောင်ရွက်ဖို့သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တပ်ဂိတ်ကနေလှည့်ပြန်ခဲ့ရတယ်လို့ သိရပါတယ်။

တပ်ဂိတ်ကနေဖြတ်သန်းသွားလာရတဲ့ အဲ့ဒီကျေးရွာတွေအတွက်သွားရောက်ချိန် တပ်ဂိတ်မှာ မှတ်ပုံတင်နဲ့လက်ကိုင်ဖုန်းတွေထားခဲ့ဖို့ ဂိတ်တာဝန်ကျတွေကပြောဆိုရာ ကိုယ်စားလှယ်တွေကလည်း စာသင်ကျောင်းတွေ ပြုပြင်ဖို့ ဓာတ်ပုံမှတ်တမ်းအတွက် ဖုန်းယူခွင့်ပေးဖို့တောင်းဆိုရာကနေ ဂိတ်စောင့်တဦး ဒါတပ်ပိုင်လို့ပြောဆိုမှုကြောင့် ပြန်လှည့်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

” ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူတွေကို တွေ့ဆုံဖို့သွားတာကို ဝင်ခွင့်မပြုခဲ့ဘူးလို့လည်း ပြောရခက်တယ်၊ လူဝင်ဖုန်းထားခဲ့ရမယ်၊ ဖုန်းတွေကိုထားခဲ့မယ်ဆိုရင်တော့ သွားခွင့်ပြုတယ်ပေါ့၊ စာသင်ကျောင်းဆောင်ဆောက်ထားတာရှိလို့ သွားကြည့်ဖို့ပါ၊ လယ်ယာမြေတွေကို တပ်က ထွန်ယက်နေတာရှိပါတယ်၊ အဲ့ဒါကိုသွားရောက်ကြည့်ပြီး ညှိ့နှိုင်းဖြေရှင်းပေးဖို့သွားတာပါ၊ ဖုန်းပါရင် ဝင်ခွင့်မပြုဘူးပြောပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် ၃ဦး သွားကြတာပါ၊ သူတို့ရဲ့ကန့်သတ်ချက်ရှိမှာပေါ့၊ ကျွန်တော်တို့က ဒေသဖွံ့ဖြိုးရေးသွားမှာဆိုတော့ ဖုန်းမပါရင်ဘာနဲ့ရိုက်ခဲ့ရမှာတုန်း၊ ဒေသဖွံ့ဖြိုးရေးဆိုတော့ လမ်းတွေ၊တံတားတွေ ကျောင်းတွေကြည့်မယ်ဗျာ၊ ဓာတ်ပုံမှတ်တမ်းမယူရဘဲနဲ့ အထက်ကိုဘယ်လို ပြန်တင်ပြရမှာလဲ၊ ဖုန်းယူခွင့်မရလို့ ဂိတ်ပေါက်ကနေလှည့်ပြ န်ခဲတာပါ”လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်းကပြောပြပါတယ်။

တပ်ဂိတ်ဝက လှည့်ပြန်ခဲ့ကြတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့သုံးဦးဟာ ကန့်သက်၊ နှုံးကြီး၊ ကျဲကျေးရွာတွေဖွံ့ဖြိုးရေးအတွက် ဒီဇင်ဘာလ၂၄ရက်နေ့ မနက်ပိုင်းက သွားရောက်ခဲ့တာဖြစ်ပြီး ဝင်ခွင့်လက်မှတ်ထိုး မှတ်ပုံတင်ကတ်ပြားများပေးပြီးချိန်မှ ဖုန်းယူခွင့်မပေးလို့ပြန်လာခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဂန့်ဂေါ #တပ်ဧရိယာ #လွှတ်တော်ကိုယ်စားလှယ် #ပြန်လှည့်ခဲ့ရ

Related posts

Leave a Comment

VOM News

FREE
VIEW