ထိုင်း- မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက် ထိုင်းဘက်ခြမ်းက လုံခြုံရေးတိုးမြှင့်

ဒီဇင်ဘာ ၂၅-၂၀၂၀
သူရိန်(VOM)

ထိုင်းနိုင်ငံအတွင်း တကျော့ပြန် ကိုဗစ်ရောဂါကြောင့် ထိုင်းဘက်ခြမ်းက ထိုင်း- မြန်မာနယ်စပ် မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက်ကို လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မြန်မာအလုပ်သမား အများစုနေထိုင်ရာ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေအတွင်း Covid-19 ပိုးတွေ့လူနာ ၁၀၀၀ ကျော် တွေ့ရှိခဲ့ပြီးနောက် အခုလို ထိုင်း- မြန်မာနယ်စပ်မှာ နှစ်နိုင်ငံ တရားမဝင်နယ်စပ် ဖြတ်ကျော်ခြင်းတွေ မပြုလုပ်နိုင်ဖို့အတွက် ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ထိုင်းစစ်တပ်ကအမှတ် (၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ် ကိုယ်တိုင်လာရောက်စစ်ဆေးပြီး လုံခြုံတိုးမြှင့်ဆောင်ရွက်ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

” နေရပ်ပြန် ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် မြန်မာနိုင်ငံအစိုးရဘက်က ထိုင်း- မြန်မာ၊ မြဝတီ-မဲဆောက် အမှတ်၂ တံတား ကတဆင့် ကြိုဆိုလက်ခံခြင်းတွေ ပြုလုပ်ပေးနေသလို မြန်မာပြည်မှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း အလားတူ လက်ခံကြိုဆိုသွားမယ်”လို့ ထိုင်းစစ်တပ်က အမှတ် (၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ်ကပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ်ရဲ့ ညွှန်ကြားမှုအရ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်မှာ သံဆူးကြိုးတွေ ကာရံတာ၊ cctv ကင်မရာ တပ်ဆင်တာ၊ ဒေသတာဝန်ရှိ ဌာနဆိုင်ရာတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စောင့်ကြည့်တာတွေကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ထိုင်း- မြန်မာနယ်စပ် #လုံခြုံရေးတိုးမြှင့်

Related posts

Leave a Comment

VOM News

FREE
VIEW