ကိုဗစ်ကာလမှာဖွင့်နေတဲ့ KTV ဆိုင်ကို ရဲကဖမ်း

ဒီဇင်ဘာ ၂၆-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်လမ်းအနီး Sunday KTVနဲ့ စားသောက်ဆိုင်ကို ကိုဗစ်စည်းကမ်းချက် ဖောက်ဖျက်ပြီး ဖွင့်လှစ်ခဲ့တာကြောင့် ဒီကနေ့မနက် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။

” လက်တစ်လောမှာ မန်နေဂျာ၊ ဝိတ်တာ၊ ကောင်မလေးတွေနဲ့ လာရောက်စားသောက်သီဆိုသူတွေကို ဖမ်းဆီးထားတယ်။ သူတို့အားလုံးကို ဘေးစီမံအက်နဲ့အမှုဖွင့်မှာ၊ ညွန်ကြားချက်စောင့်နေပါတယ်”လို့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောပါတယ်။

အဲ့ဒီ KTV နဲ့စားသောက်ဆိုင်ဟာ Covid-19 ကာလ ညွှန်ကြားချက်တွေကို လိုက်နာမှုမပြုဘဲ ဆိုင်ဖွင့်လှစ်ထားတယ်ဆိုတဲ့ သတင်းအရ တာဝန်ရှိသူတွေဝင်ရောက် စစ်‌ဆေးခဲ့ရာ အသက် ၅၂နှစ်အရွယ် မန်နေဂျာ တစ်ဦး ၊ အသက် ၂၇နှစ်အရွယ် ဝိတ်တာခေါင်းဆောင်တစ်ဦး ၊ အသက် ၂၇နှစ်အရွယ် ဝိတ်တာတစ်ဦး၊ အမျိုးသမီး ၈ ဦး၊ လာ‌ရောက်သီ
ဆိုသူ အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ အမျိုးသား၊ အမျိုးသမီး၂၁ ဦးကို သထုံမြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ နဲ့ အမှုဖွင့် တရားစွဲဆိုသွားမယ်လို့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

#voiceofmyanmar #VOM #သထုံ #ကိုဗစ်ကာလဖွင့်တဲ့ #KTVဆိုင် #ရဲကဖမ်း

Related posts

Leave a Comment

VOM News

FREE
VIEW