နိုင်ငံသားအထောက် အထားမဲ့သူတွေကို သယ်လာတဲ့ ပုသိမ်ကဘုန်းကြီးထွက်ပြေးတာ ဖမ်းမမိသေး

ပုသိမ်-ဒီဇင်ဘာ-၂၉-၂၀၂၀

ကိုအောင်(ပုသိမ်)

ဒီဇင်ဘာ၂၄ရက်နေ့က နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ယောက်ကို သယ်လာတဲ့ ပုသိမ် သာသနာ့ဓမ္မဂုဏ်ရည် တံဆိပ်နဲ့ ကားတစ်စီးဟာ ပြည်မြို့အရောက်မှာ ဘီးပေါက်သွားကာမှ ကားထဲမှာ နိုင်ငံသားအထောက်အထားမပြနိုင်သူ ၁၃ယောက်ကိုတွေ့ခဲ့ချိန်မှာ ယာဉ်မောင်းနဲ့ဘုန်းကြီးဟာ ကားကိုထားပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီ ၁၃ ယောက်ကို ပို့ဆောင်ပေးခဲ့တဲ့သူဟာ ပုသိမ်မြို့ အမှတ်၁၄ရပ်ကွက်က သာသနာ့ဓမ္မာ့ဂုဏ်ရည်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်နဲ့ သူ့ရဲ့ယာဉ်မောင်း ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်လှိုင် က
“အမှတ်၁၄ ပန်းဆက် ရပ်ကွက်ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဦးဣိန္ဒကနဲ့ ယဥ်မောင်းက ဂိုလေး(ခ)ခင်မောင်လင်းတို့လို့ အတည်ပြုလို့ရပါတယ်။ တရားခံတွေကတော့ ထွက်ပြေးနေပါတယ်”လို့ ပြောပါတယ်။

ပုသိမ်သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းက ကျောင်းထိုင်ဘုန်းကြီးကို ပြည်မြို့မှာအမှုဖွင့်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။

“ဘုန်းကြီးကတော့ပုသိမ်က သူတို့ကိုပြည်မှာပဲ ပုဒ်မ ၃၆၇နဲ့အမှုဖွင့်ထားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အထောက်အထားမဲ့သူတွေကို ခိုးသွင်းမှုနဲ့ ပတ်သတ်ပြီး ပဲခူးတိုင်း ပြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပြီး တိမ်းရှောင်နေတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့ ကားမောင်းသူကို ဖမ်းမိဖို့ ပူးပေါင်းစုံစမ်းနေတယ်လို့လည်း သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဣိန္ဒက ဟာ ရခိုင်ပြည်နယ်ဇာတိ ဓမ္မာစရိယဘွဲ့ရ သံဃာတပါးဖြစ်ပြီး ပုသိမ်သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းမှာ ကျောင်းထိုင်တာ ၈နှစ်လောက်ရှိပြီလို့ ပုသိမ်ဒေသခံတွေအပြောအရသိရပါတယ်။ ခုလက်ရှိ ပုသိမ်သာသနာ့ ဓမ္မဂုဏ်ရည်ကျောင်းမှာတော့ သံဃာ ၄ပါး ၊ သီလရှင် ၃ပါးနဲ့ ဧည့်သည် ၄ယောက်က ကျောင်းစောင့်အဖြစ်ကျန်ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #အထောက်အထားမဲ့သူတွေဖမ်းမိ #ပုသိမ်ဘုန်းကြီး

zawgy

ႏိုင္ငံသားအေထာက္ အထားမဲ့သူေတြကို သယ္လာတဲ့ ပုသိမ္ကဘုန္းႀကီးထြက္ေျပးတာ ဖမ္းမမိေသး

ပုသိမ္-ဒီဇင္ဘာ-၂၉-၂၀၂၀ကိုေအာင္(ပုသိမ္)

ဒီဇင္ဘာ၂၄ရက္ေန႔က ႏိုင္ငံသားအေထာက္အထားမဲ့သူ ၁၃ေယာက္ကို သယ္လာတဲ့ ပုသိမ္ သာသနာ့ဓမၼဂုဏ္ရည္ တံဆိပ္နဲ႔ ကားတစ္စီးဟာ ျပည္ၿမိဳ႕အေရာက္မွာ ဘီးေပါက္သြားကာမွ ကားထဲမွာ ႏိုင္ငံသားအေထာက္အထားမျပႏိုင္သူ ၁၃ေယာက္ကိုေတြ႕ခဲ့ခ်ိန္မွာ ယာဥ္ေမာင္းနဲ႔ဘုန္းႀကီးဟာ ကားကိုထားၿပီး ထြက္ေျပးသြားခဲ့ပါတယ္။ အဲဒီ ၁၃ ေယာက္ကို ပို႔ေဆာင္ေပးခဲ့တဲ့သူဟာ ပုသိမ္ၿမိဳ႕ အမွတ္၁၄ရပ္ကြက္က သာသနာ့ဓမၼာ့ဂုဏ္ရည္ေက်ာင္းတိုက္ ေက်ာင္းထိုင္ဆရာေတာ္နဲ႔ သူ႔ရဲ႕ယာဥ္ေမာင္း ျဖစ္ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့တယ္လို႔ ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးတင္လႈိင္ က
“အမွတ္၁၄ ပန္းဆက္ ရပ္ကြက္ဘုန္းႀကီးေက်ာင္းက ေက်ာင္းထိုင္ ဦးဣိႏၵကနဲ႔ ယဥ္ေမာင္းက ဂိုေလး(ခ)ခင္ေမာင္လင္းတို႔လို႔ အတည္ျပဳလို႔ရပါတယ္။ တရားခံေတြကေတာ့ ထြက္ေျပးေနပါတယ္”လို႔ ေျပာပါတယ္။

ပုသိမ္သာသနာ့ ဓမၼဂုဏ္ရည္ေက်ာင္းက ေက်ာင္းထိုင္ဘုန္းႀကီးကို ျပည္ၿမိဳ႕မွာအမႈဖြင့္ထားတယ္လို႔ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးက ဒုတိယရဲမႉးႀကီးထြန္းေ႐ႊကေျပာပါတယ္။

“ဘုန္းႀကီးကေတာ့ပုသိမ္က သူတို႔ကိုျပည္မွာပဲ ပုဒ္မ ၃၆၇နဲ႔အမႈဖြင့္ထားတယ္လို႔ သိရတယ္” လို႔ ေျပာပါတယ္။

အေထာက္အထားမဲ့သူေတြကို ခိုးသြင္းမႈနဲ႔ ပတ္သတ္ၿပီး ပဲခူးတိုင္း ျပည္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူထားၿပီး တိမ္းေရွာင္ေနတဲ့ ေက်ာင္းထိုင္ဘုန္းႀကီးနဲ႔ ကားေမာင္းသူကို ဖမ္းမိဖို႔ ပူးေပါင္းစုံစမ္းေနတယ္လို႔လည္း သိရပါတယ္။

ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ဦးဣိႏၵက ဟာ ရခိုင္ျပည္နယ္ဇာတိ ဓမၼာစရိယဘြဲ႕ရ သံဃာတပါးျဖစ္ၿပီး ပုသိမ္သာသနာ့ ဓမၼဂုဏ္ရည္ေက်ာင္းမွာ ေက်ာင္းထိုင္တာ ၈ႏွစ္ေလာက္ရွိၿပီလို႔ ပုသိမ္ေဒသခံေတြအေျပာအရသိရပါတယ္။ ခုလက္ရွိ ပုသိမ္သာသနာ့ ဓမၼဂုဏ္ရည္ေက်ာင္းမွာေတာ့ သံဃာ ၄ပါး ၊ သီလရွင္ ၃ပါးနဲ႔ ဧည့္သည္ ၄ေယာက္က ေက်ာင္းေစာင့္အျဖစ္က်န္ရွိတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #အေထာက္အထားမဲ့သူေတြဖမ္းမိ #ပုသိမ္ဘုန္းႀကီး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW