ရေတွင်းဘောင်ပေါ်ထိုင်ပြီး ဖုန်းပြောလေ့ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီး ရေတွင်းထဲပြုတ်ကျလို့ ပျံတော်မူ

ဒီဇင်ဘာ ၂၉ -၂၀၂၀
ကိုတိုးကြီး (VOM)

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ကိုင်းတာအုပ်စု ၊ ကျီးတောကျေးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဟာ ရေတွင်းထဲပြုတ်ကျပြီး ပျံလွန်တော်မူနေတာကို မနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေ ၆ နာရီကျော်က တွေ့ရတယ်လို့ ကျောင်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” ရေတွင်းကျပြီး ပျံလွန်တော်မူနေတာ ၂ ရက်ရှိပြီလို့ ခန့်မှန်းရတယ်၊ ဘာကြောင့်လဲဆိုတော့ ၂၇ ရက် မနက်က ဆွမ်းပို့လာသူတွေက ဘုန်းကြီးမတွေ့လို့ ဖုန်းဆက်တယ်၊ ဆက်လို့မရဘူးလို့ သိရတယ်။ အဲ့ဒါကြောင့် ဆွမ်းပို့သူတွေက ကျေးရွာအုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားထားတယ်၊ မနေ့က ညနေပိုင်းအထိ ဘုန်းကြီးမတွေ့လို့ လိုက်ရှာကြရာက ရေတွင်းထဲ ပြုတ်ကျ ပျံလွန်တော်မူနေတာကို တွေ့ရတယ်”လို့ ကျီးတောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သက်တော် ၃၉ နှစ် အရွယ် ကျောင်းထိုင်ဆရာတော်ဟာ ဘုန်းကြီးကျောင်းအတွင်းမှာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကတည်းက အသုံးမပြုတော့တဲ့ ရေတွင်းနှုတ်ခမ်းဘောင် မျက်နှာပြင် အထူ ၈ လက်မ၊ ရေတွင်းမျက်နှာပြင်အကျယ် ၅ ပေ ၊ မြေပြင်ဘက် မှ အမြင့် ၂ ပေနဲ့ ၆ လက်မ ၊ မြေပြင်ကနေ ရေမျက်နှာပြင်အထိ အနက် ၁၆ ပေ ၊ ရေအနက် ၈ ပေရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

” ဘုန်းကြီးကနေ့တိုင်း အဲ့ဒီ ရေတွင်းဘောင်ပေါ်ထိုင်ပြီး ဖုန်းပြောလေ့ရှိတယ်၊ ဘုန်းကြီးက သွေးတိုးနဲ့ နှလုံးရောဂါအခံရှိတယ် “လို့ ဘုန်းကြီးရဲ့ တူတော်စပ်သူ မောင်ငြိမ်းချမ်းက ပြောပါတယ်။

ရေတွင်းထဲကနေ ၂ ရက်ကြာပြီးမှ တွေ့ရှိရတဲ့ ဘုန်းကြီးရဲ့ ရုပ်အလောင်းကို ဆယ်ယူပြီနောက် ကျောင်းကုန်းမြို့ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ရာ ဆေးရုံက PR အမှတ်- ၃၂/၂၀၂၀ အရ လက်ခံပြီး စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းကုန်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇ / ၂၀၂၀ အရ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Photo – ကျောင်းကုန်းမြို့မရဲစခန်း
#voiceofmyanmar #VOM #ကျောင်းကုန်း #ကျောင်းထိုင်ဘုန်းကြီးတစ်ပါး #ရေတွင်းထဲပြုတ်ကျသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW