သစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံးဂြိုဟ်တု ဂျပန်နိုင်ငံတီထွင်နေ

တိုကျို၊ ဒီဇင်ဘာ၂၉-၂၀၂၀
မျိုးဆက်(VOM)

ဂျပန်ကုမ္ပဏီတစ်ခုနဲ့ ကျိုတိုတက္ကသိုလ်တို့ဟာ ၂၀၂၃ ခုနှစ်မှာ သစ်သားနဲ့ပြုလုပ်တဲ့ ကမ္ဘာ့ပထမဆုံး ဂြိုဟ်တုကိုဖန်တီးဖို့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။

ဆူမစ်တိုမိုသစ်ကုမ္ပဏီဟာ သစ်ပင်တွေကြီးထွားလာမှုနဲ့ အာကာသအတွင်း သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေ အသုံးပြုနိုင်ဖို့ သုတေသနလုပ်ငန်းကို စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျိုတိုတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဲဒီကုမ္ပဏီဟာ ကမ္ဘာကြီးရဲ့ ပြင်ပမှာ သစ်အမျိုးအစား အမျိုးမျိုးနဲ့အတူ စမ်းသပ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်းကို နိုင်ငံစုံကနေ ဂြိုဟ်တုများစွာ လွှတ်တင်နေကြတာကြောင့် အာကာသအမှိုက်တွေဟာ လက်ရှိမှာတော့ ပြဿနာတစ်ရပ်အဖြစ် ကြီးထွားလာနေပြီဖြစ်ပါတယ်။

သစ်သားနဲ့ပြုလုပ်မယ့် ဂြိုဟ်တုဟာ ကမ္ဘာမြေပေါ်ကို ပြန်ကျလာရင်လည်း လေထုထဲမှာ အခြားအရာလိုမျိုး အန္တရာယ်မဖြစ်စေဘဲ မီးလောင်ကျွမ်းသွားတာ ဒါမှမဟုတ် အပိုင်းအစတွေအဖြစ် ပြန့်ကျဲသွားမှာဖြစ်ပါတယ်။

Ref : BBC
Photo: SUMITOMO FORESTRY
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW