ယီမင်အစိုးရအဖွဲ့ကို လေဆိပ်မှာ ဗုံးခွဲလုပ်ကြံ၊ ၂၂ ဦးသေဆုံး ၅၀ ကျော်ဒဏ်ရာရ

အေဒင်၊ ဒီဇင်ဘာ ၃၁-၂၀၂၀
မျိုးဆက် (VOM)

ယီမင်နိုင်ငံတောင်ပိုင်း၊ အေဒင်မြို့လေဆိပ်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦးထက်မနည်းသေဆုံးသွားပြီး ၅၀ ကျော်ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

စစ်မက်ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့လိုက်ပါလာတဲ့ အိမ်နီးချင်းဆော်ဒီအာရေဗျနိုင်ငံမှ လေယာဉ်ဆိုက်ရောက်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထိခိုက်သေဆုံးသူတွေထဲမှာ အကူအညီပေးရေးလုပ်သားတွေနဲ့ တာဝန်ရှိသူတွေပါဝင်ပါတယ်။ဒါပေမယ့် သူနဲ့ အစိုးရအဖွဲ့ဝင်တွေ ဘေးကင်းတယ်လို့ ယီမင်ဝန်ကြီးချုပ်ကပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယီမင်သူပုန်တွေရဲ့ သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ယီမင်ပြန်ကြားရေးဝန်ကြီးက စွပ်စွဲပြောဆိုပါတယ်။

ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့ဟာ ယီမင်ရှိ ဟူသီသူပုန်တွေကို နှိမ်နှင်းဖို့နဲ့ သမ္မတ မန်ဆောဟာဒီရဲ့ အုပ်ချုပ်မှုကို ပြန်လည်ထူထောင်ဖို့အတွက် စစ်ဆင်ရေးတွေလုပ်ဆောင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပဋိပက္ခ အရှိန်မြင့်လာခဲ့တာကြောင့် နိုင်ငံအတွင်း စစ်ဘေးသင့်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် လူ တစ်သိန်း တစ်သောင်းကျော်သေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာ ငတ်မွတ်ခေါင်းပါးမှုနဲ့အတူ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဖြစ်ပေါ်နေကာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုတွေလည်း ပိုမိုဆိုးရွားနေပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #အေဒင်

Related posts

Leave a Comment

VOM News

FREE
VIEW