ခြင်ဆေးထွန်းပြီး အိပ်ရာကနေ သက်ကြီးအမျိုးသားတစ်ဦး မီးလောင်သေဆုံး

ဇန်နဝါရီ ၂-၂၀၂၀
အေးချမ်းသူ(VOM)

ကျောက်မဲမြို့နယ်၊ ၇-ရပ်ကွက် ၊ (၂)မိုင်ကုန်းမှာ မနေ့ ဇန်နဝါရီညပိုင်းက ခြင်ဆေးခွေကို အိပ်ရာပေါ်မှာ ထွန်းထားရာကနေ မီးလောင်မှုဖြစ်ပွားပြီး အသက်(၇၀)အရွယ် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကျောက်မဲမြို့နယ်မီးသတ်ဦးစီးမှူးဌာနကနေ သိရပါတယ်။

သေဆုံးသူကို ဆေးရုံးပို့ဆောင်ခဲ့တဲ့ ကျောက်မဲမြို့နယ် 5star လူမှုကူညီရေးအဖွဲ့မှ ကိုထွန်းဦးဆိုသူက “သေဆုံးသူက စစ်မှုထမ်းဟောင်းဗျ၊ ခြေတောက်တစ်ဖက်မသန်ဘူး ၊ ရဲတွေကောက်ချက်ချပြီး DB ကိုကျောက်မဲဆေးရုံကြီးကိုပို့လိုက်တယ်”လို့ VOM ကို ပြောပါတယ်။

မီးလောင်သေဆုံးခဲ့သူဟာ ၂မိုင်ကုန်းမှာနေတဲ့ စစ်မှုထမ်းဟောင်း အသက်၇၀ အရွယ် ဦးသန်းဝင်းဆိုသူဖြစ်ပြီး ညအိပ်ရာဝင်ချိန် ခြင်ကိုက်တာကြောင့် ခြင်ဆေးခွေထွန်းအိပ်ရာကနေ မီးလောင် သေဆုံးခဲ့တာဖြစ်တယ်လို့ ကျော်မဲမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းဦးက VOMကိုပြောပါတယ်။

” အိပ်ရာပေါ်မှာဗျာ ပုဂံပြားအောက်ခံခွက်ပေါ်မှာ ခြင်ဆေးခွေထွန်းပြီးတော့ အဲ့ဒီခြင်ဆေးခွေက မတော်တဆဖြစ်ပြီး ကုတင်လှုပ်ရင်းနဲ့ ပြုတ်ကျတာပဲဖြစ်ဖြစ် တခုခုကြောင့်ပေါ့၊ မွေ့ယာပေါ်ကျပြီး ထလောင်တာလို့ သုံးသပ်တယ်၊ မီးခိုးတချို့ရှုပြီးမှ ထပြေးတဲ့အချိန်မှာ အပြင်မရောက်လိုက်ဘဲ ကုတင်ကိုဆင်းတဲ့အနေအထားမျိုးနဲ့ ခြေရင်းမှာနောက်ကျောမီးလောင်ပြီး သေသွားတာဗျ၊ မီးလောင်မှုဖြစ်စဉ်ကို ရပ်ကွက်က ဖုန်းနဲ့အကြောင်းကြားလို့ မီးသတ်ယာဉ်(၂)စီးနဲ့ငြိမ်းသတ်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူက ဆီးချိုရောဂါရှိတယ် ၊ ကောင်းစွာလှုပ်ရှားသွားလာနိုင်မှုမရှိဘူး “လို့ ဦးစီးမှူး ဦးဇော်မင်းဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးကူးစက်လောင်ကျွမ်းရာကနေ သေဆုံးခဲ့သူ ဦးသန်းဝင်းကို ကျောက်မဲမြို့မရဲစခန်းမှာ (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅/၃၀၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ ကျောက်မဲမြို့မရဲစခန်းကနေ သိရပါတယ်။

Photo – 5starလူမှုကူညီရေး
#voiceofmyanmar #VOM #ကျောက်မဲ #သက်ကြီးအမျိုးသား #မီးလောင်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW