တောင်ကိုရီးယားမှာ ကလေးမွေးဖွားမှုနှုန်းထက် သေဆုံးမှုနှုန်း မြင့်မားနေ

ဆိုးလ်၊ ဇန်နဝါရီ-၄-၂၀၂၁
မျိုးဆက် (VOM)

ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းထက် သေဆုံးမှုနှုန်းက ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် မြင့်မားနေပါတယ်။

လွန်ခဲ့တဲ့နှစ်မှာ ကလေးမွေးဖွားမှု ၂၇၅၈၀၀ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းကျဆင်းသွားကာ သေဆုံးသူအရေအတွက်ကတော့ ၃၀၇၇၆၄ ဦးရှိခဲ့ပါတယ်။

အဲ့ဒီကိန်းဂဏန်းတွေအရ တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနဟာ သူရဲ့မူဝါဒတွေကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာကို ပြသနေပါတယ်။ လူဦးရေကျဆင်းမှုဟာ နိုင်ငံတစ်ခုအတွက် ကြီးမားတဲ့ဖိအားတွေကို ဖြစ်ပေါ်စေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ပင်စင်လစာလိုအပ်ချက်လိုမျိုးတွေက အများပြည်သူအသုံးစရိတ်အပေါ် ဖိအားဖြစ်စေတဲ့အပြင် စီးပွားရေးအပေါ် တိုက်ရိုက်ဆိုးကျိုးသက်ရောက်လာနိုင်ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကတော့ မိသားစုတွေကို ထောက်ပံံ့ငွေပေးတာမျိုးအပါအဝင် ကလေးမွေးဖွားမှုနှုန်း နိမ့်ကျနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့မူဝါဒအချို့ကို လွန်ခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW