အိမ်သာကျင်းတူးရာက မြေပြိုကျလို့ လူ ၁ ယောက်သေဆုံး ၂ ယောက် ဒဏ်ရာရ

ဇန်နဝါရီ ၄-၂၀၂၁
ကိုတိုးကြီး (VOM)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်- ၁၁ ရပ်ကွက်၊ ၁၆ လမ်းက လူနေအိမ်တစ်လုံးမှာ မနေ့ ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းက အိမ်သာကျင်း တူးရာကနေ မြေပြိုကျပြီး လူ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” အိမ်သာ ဆားဗစ်ကျင်း တူးတဲ့နေရာမှာပါ၊ မြေပြိုကျပြီး ကျင်းထဲမှာ အမျိုးသား ၃ ယောက် ပိတ်မိနေတာဖြစ်တယ်၊ အဲ့ဒီထဲက ၂ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ကျန် ၁ ယောက်ကတော့ သေဆုံးပြီးမှ ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်တယ်”လို့ ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလွင်ကိုလတ်က ပြောပါတယ်။

အိမ်သာကျင်းအသစ် တူးဖော်တဲ့အခါ အပေါ်ယံမြေလွှာဟာ တည်ငြိမ်မှုမရှိဘဲ မြေပွဖြစ်နေတဲ့အတွက် မြေအနက် ၁၅ အောက်မှာ ရှိနေတဲ့ လူတွေအပေါ် မြေတွေပြိုကျမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရတဲ့ လူ ၂ ဦးကို ပခုက္ကူ ပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာဌာန ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်နိုင်ဖို့အတွက် ပခုက္ကူ ပြည်သူ့ဆေးရုံက အအေးတိုက်ကို ပို့ဆောင်ကာ့ ပခုက္ကူမြို့မရဲစခန်းက သေမှုသေခင်း ရေးဖွင့် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo – ပခုက္ကူ မီးသတ်ဦးစီဌာန
#voiceofmyanmar #VOM #ပခုက္ကူ #အိမ်သားကျင်းတူး #မြေပြို #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW