တောင်ကိုရီးယား ရေနံတင်သင်္ဘောတစ်စင်းကို အီရန်တော်လှန်ရေးအစောင့်တပ် ဖမ်းဆီး

တီဟီရန်၊ ဇန်နဝါရီ-၅-၂၀၂၁
မျိုးဆက် (VOM)

ပါရှန်ပင်လယ်ကွေ့မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်တယ်ဆိုပြီး တောင်ကိုရီးယား ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်က ကြေညာလိုက်ပါတယ်။

သိမ်းဆည်းရမိတဲ့ သင်္ဘောကို နိုင်ငံတောင်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုသို့ လွှဲပြောင်းပေးခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ဇန်နဝါရီ ၄ ရက်မှာပြောပါတယ်။

တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေအပါအဝင် သင်္ဘောအမှုထမ်းတွေကိုလည်း အီရန်အာဏာပိုင်တွေက ထိန်းသိမ်းပါတယ်။

အဲ့ဒီသင်္ဘောဟာ ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ခဲ့တယ်လို့ အီရန်တာဝန်ရှိသူတွေက အခိုင်အမာဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲမှုတွေ ပြုလုပ်သွားမယ်လို့လည်း သူတို့ကပြောပါတယ်။

အိုမန်ရေပြင်မှာ ခုတ်မောင်းနေပြီး အီရန်အာဏာပိုင်တွေရဲ့ တောင်းဆိုမှုကြောင့် အီရန်သို့ခုတ်မောင်းခဲ့တဲ့ အဲဒီရေနံတင်သင်္ဘော ဖမ်းဆီးခံရတာကို တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံသား ငါးဦးအပါအဝင် သင်္ဘောအမှုထမ်းတွေနဲ့ သင်္ဘောကို ချက်ချင်းလွှတ်ပေးဖို့ တောင်ကိုရီးယားက တောင်းဆိုထားပါတယ်။

Ref : NHK
Photo:AP
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW