လူပျောက်တိုင်ခံထားရသူကို မိန်းကလေးအလောင်းနဲ့အတူ သေဆုံးလျက် ပြန်တွေ့

ဇန်နဝါရီ ၅-၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ထန်းတောအင်းစပ် ရပ်ကွက်က အင်းထဲမှာ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးနေတဲ့ ရုပ်အလောင်း ၂ လောင်းကို မနေ့ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းက တွေ့ခဲ့ရတယ်လို့ မုံရွာနယ်မြေရဲစခန်းကနေ သိရပါတယ်။

” သေဆုံးသူအမျိုးသားက မောင်ချစ်မွှေး အသက် ၂၁ နှစ်ဖြစ်တယ် ၊ အိမ်ကနေထွက်သွားပြီး ပျောက်နေလို့ သူ့မိသာစုက လူပျောက်နဲ့ ရဲစခန်းကို တိုင်ထားတယ်၊ ရဲစခန်း လူပျောက်မှု အမှတ်စဉ် ၁/၂၀၂၁ အရ စုံစမ်းနေသူဖြစ်တယ်၊ နောက် ၁ ယောက်က အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ယောက်ဖြစ်တယ်”လို့ မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ခင်သန်းက ပြောပါတယ်။

သေဆုံးသူ နှစ်ဦးဟာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက အဲ့ဒီ ရေနစ်သေဆုံးနေတဲ့ အင်းစပ်ဘက်ကို ငါးရှာဖို့သွားတာကို မြင်လိုက်ရတဲ့ လူတစ်ယောက်က ပြောတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ရေအနက် ၇ ပေရှိတဲ့ မြို့မြေအောက်ရေထိန်း အင်းကြီးထဲက သေဆုံးလျက်တွေ့ရတဲ့ ရုပ်အလောင်း ၂ လောင်းကို မုံရွာပြည်သူ့ဆေးရုံကြီး အအေးတိုက်ကို ရဲဆေးစာနဲ့ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီ လူသေဆုံးမှုကိုတော့ မုံရွာနယ်မြေရဲစခန်းက သေမှုသေခင်း အှတ်စဉ် ၁/ ၂၀၂၁ အရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #လူပျောက်တိုင် #သေဆုံးလျက်တွေ့

Related posts

Leave a Comment

VOM News

FREE
VIEW