မူဆယ်မြို့က ပြည်သူ့စစ်တွေနေထိုင်တဲ့နေရာအချို့ ပစ်ခတ်တိုက်ခိုက်ခံရ

ဇန်နဝါရီ ၆ -၂၀၂၁
ကိုတိုးကြီး(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်မှာ အခြေစိုက်နေထိုင်တဲ့ မြို့မပြည်သူ့စစ် အိမ်ယာနဲ့ ဝန်းခြံတွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဒီမနက်အစောပိုင်းက ဗုံးသီး ၃ လုံးပစ်ခတ်ပြီး သေနတ်နဲ့ ၁၀ ချက် လာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” လက်နက်ကြီးဆိုတာကတော့ 40 MM ဗုံးသီးတွေနဲ့ဖြစ်တယ် ၊ နောက်ပြီး သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ”လို့ မူဆယ်မြို့မရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် လူအသေအပျောက် မရှိပေမယ့် နေအိမ်မှန်တံခါးတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ သွားရောက်စစ်ဆေးခဲ့တဲ့တာဝန်ရှိသူတွေပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ ဇန်နဝါရီ ၆ရက်ေ့ မနက်ပိုင်းမှာပဲ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မူဆယ် – နမ့်ခမ်းသွား ပြည်ထောင်စုကားလမ်းမကြီးအနီးက သံလွင် စက်သုံးဆီအရောင်းဆိုင်နဲ့ မုံးပေါ် စက်သုံးဆီ အရောင်းဆိုင် လမ်းကြားမှာရှိတဲ့ တာမိုးညဲ ပြည်သူ့စစ်နဲ့ ပြိန်ဆာ ပြည်သူ့စည်တွေနေထိုင်ရာ ခြံဝန်းကို ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားတဲ့ လူ ၃ ယောက်က ကာတစ်စီးနဲ့ လာရောက်ပြီး ၄၀ မမ ဗုံးသီးနဲ့ ၅ ချက် ၊ လက်နက်ငယ်နဲ့ အချက် ၂၀ ပစ်ခတ် တိုက်ခိုက်သွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် နေအိမ်ခြံဝန်းတံခါး ပျက်စီးသွားတဲ့အတွက် အဲ့ဒီဖြစ်စဉ်တွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းရှင်းလင်းခဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

၂၀၂၁ နှစ်သစ်ကူးကာလမှာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲဒေသမှာလည်း TNLA အဖွဲ့နဲ့ RCSS အဖွဲ့အကြား စစ်ရေးတင်းမာမှူတွေဖြစ်ပေါ်ပြီး ၂ ဖက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူ ၁ ထောင်ကျော်ဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ပြည်သူစစ် #တိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW