ရွှေညောင်မြို့မဈေးမှာ ကိုဗစ်ပိုးတွေ့လို့ ယာယီပိတ်သိမ်း

ဇန်နဝါရီ ၆-၂၀၂၁
နေနန်းနွယ်(VOM)

ရွှေညောင်မြို့၊မြို့မဈေးအတွင်းမှာ ကိုဗစ်ပိုးကူးစက်ခံရသူ တစ်ဦးတွေ့တဲ့အတွက် ဒီကနေ့ ဇန်နဝါရီလ၆ရက်နေ့က စပြီး ယာယီပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

“သူကအနံပျောက်လို့ဆိုပြီး Qဝင်ပြီးတော့စစ်လိုက်တာ၊ အဲ့ဒီမှာ ပိုးတွေ့လို့ တခြားလူတွေ ကူးစက်မှုမရှိအောင်ပိတ်လိုက်တာပါ။ သူက ၅ ရက်နေ့ကဝင်တာ ဒီနေ့စစ်တော့တွေ့တာပါ။ သူက ၁ ရက်နေ့လောက်တည်းက ဈေးကိုမလာတော့ဘူး။ သူသိပ်နေမကောင်းဘူးဆိုပြီးတော့ဈေးမလာတော့ဘူး။ ၅ ရက်နေ့လောက်မှာ အနံ့ပျောက်သွားတယ်။ အဲ့ဒီနေ့မှာ Qဝင်တယ်။ သူက ခရီးတွေသွားလာထားခြင်းလည်း မရှိဘူး။၁ရက်နေ့ကတည်းက သူကhome quarantineလိုမျိုးရှိနေတာ။လောလောဆယ်တော့ pတစ်ယောက်ပဲတွေ့သေးတယ်”လို့ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်းက ပြောပါတယ်။

ကိုဗစ်ပိုးတွေ့ရှိသူဟာ ဈေးအတွင်းက ဆိုင်ခန်းတစ်ခန်းမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၅ရက်နေ့မှာ အနံ့ပျောက်တဲ့အတွက် ကွာရန်တင်းဝင်နေသူဖြစ်တယ်လို့ သိရပါတယ်။

ပိုးတေ‌ွ့တယ်လို့ အဖြေထွက်ပြီးတဲ့အချိန် အဲ့ဒီအမျိုးသမီးနဲ့ ထိတွေ့သူတွေကိုလည်း ကွာရန်တင်းဝင်ခိုင်းထားတယ်လို့ သိရပါတယ်။

ရွှေညောင်မြို့ မြို့မဈေးကို ဒီကနေ့ ဇန်နဝါရီလ ၆ရက်နေ့၊ ညနေပိုင်း ၃ နာရီကစပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ထိ နှစ်ပတ်ကြာ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေညောင် #မြို့မဈေး #ကိုဗစ်တွေ့ #ယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW