ထိုင်းနိုင်ငံကနေ နိုင်ငံသားအထောက်အထားမဲ့ ၄ ဦး မြန်မာဘက်ကို ခိုးဝင်

ဇန်နဝါရီ ၆ – ၂၀၂၁
ကိုတိုးကြီး (VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် – ၃ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဇန်နဝါရီ ၅ ရက်နေ့ ညဦးပိုင်းအချိန်က ထိုင်းနယ်စပ် သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက် ခိုးဝင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄ ဦးကို တွေ့ရတဲ့အတွက် ရဲစခန်း ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

” ထိုင်း – မြန်မာ ၂ နိုင်ငံ နယ်စပ်စည်းတွေ လုံခြုံရေး တိုးမြှင့်ထားချိန် နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က အခုလို ခိုးဝင်လာတာဖြစ်တယ်”လို့ အမှတ်-၃ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ခိုးဝင်လာသူ ၄ ဦးဟာ နိုဒါလီ အသက် ၄၀ နှစ် ၊ ဟိုင်ဘီဘာရှော အသက် ၂၅ နှစ် ၊ ဟိုက်ဒိုဘာရှော အသက် ၂၆ နှစ်နဲ့ ဒေါ်ရူပါ အသက် ၅၉ နှစ်တို့ဖြစ်ပြီး ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရဲ့ သန်းခေါင်စာရင်းမိတ္တူ ကိုင်ဆောင်ထားတာကိုလည်း တွေ့ရှိရတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားမှတ်ပုံတင်ရေးဦးစီးဌာန (လ.ဝ.က) က စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီမြို့နယ် ကိုဗစ် ၁၉ ရောဂါ အရေးပေါ် တုန့်ပြန် ကာကွယ် ထိန်းချုပ်ရေးအဖွဲ့က ကျန်းမာရေး ဝန်ထမ်းတွေကလည်း အဲ့ဒီ လူ ၄ ယောက်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၅ ရက်တာ ကာလအတွင်း အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဖြစ်စဉ်တွေဟာ မုတ္တမ ၊ ပုသိမ် နဲ့ ပြည်မြို့ဘက်မှာလည်း ပေါ်ပေါက်ခဲ့သေးတယ်လို့ သိရပါတယ်။

Photo – အမှတ်-၃ ရပ်ကွက်အုပ်ချုပ်ရေး
#voiceofmyanmar #VOM #မြဝတီ #နိုင်ငံသားအထောက်အထားမဲ့

Related posts

Leave a Comment

VOM News

FREE
VIEW