ကွာရန်တင်းစင်တာတွေ ဖြေလျော့ပြီး ဆေးရုံတစ်ချို့ကို ပြန်ပေါင်းတော့မယ်

မန္တလေး၊ ဇန်နဝါရီ- ၄- ၂၀၂၁
ရှိုင်းအောင်(VOM)
မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာဦးရေ လျော့ကျလာတဲ့အတွက် ကွာရန်တင်းစင်တာတွေကို ဖြေလျော့ပြီး လူနာတွေကိုလည်း ဆေးရုံတစ်ချို့မှာ ပြန်ပေါင်းမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ကျင်းပတဲ့ လွပ်လပ်ရေးနေ့အခမ်းနားမှာ ကျန်းမာရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မိဒီယာတွေကို အခုလိုဖြေကြားခဲ့ ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၉၆၃ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၂၈၀ ဦးရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW