ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးရေး တစ်ကိုယ်တော်ဆန္ဒပြ

ဇန်နဝါရီ ၈ -၂၀၂၁
အေးချမ်းသူ(VOM)

တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးရေးအတွက် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပအဝိုင်းအနီး၊ ဥက္ကလာသီရိပန်းခြံရှေ့မှာ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပါတယ်။

၂၀၂၀အထွေထွေရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီညွတ်မှုမရှိခြင်း၊ တရားမျှတမှုမရှိခြင်း၊ ဖွဲ့စည်းပုံဥပဒေပါ ရွေးကောက်ပွဲနည်းဥပဒေတို့ကိုချိုးဖောက်၍ ဆောင်ရွက်ခြင်းတို့ကြောင့် ပြည်သူဆန္ဒအမှန်မဟုတ်တဲ့ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ရှုတ်ချခြင်းဖြစ်တယ်၊ မဲဆန္ဒရှင်အများစုဟာ နေရာဒေသအသီးသီးမှာ မဲသမာမှုအပါအဝင် မတရားမှုတွေကိုစုံစမ်းဖို့ လွတ်လပ်ပြီးတရားမျှတတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးဖို့ အမှန်တကယ်မဲပေးခွင့်ရှိသူ ကြိုတင်မဲပေးသူစာရင်း တိတိကျကျထုတ်ပြန်ပေးဖို့UECမှာတာဝန်ရှိပါတယ်”လို့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးမြင့်နိုင့်ထွေးကပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ ” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အလိုမရှိ။ မဲခိုး ၊ မဲတိုးဆောင်ရွက်နေသော ကော်မရှင် အလိုမရှိ။ တရားမျှတမှုမရှိသော ရွေးကောက်ပွဲရလဒ် အလိုမရှိ။ ပြည်သူ့ဆန္ဒအမှန်မဟုတ်သော ရွေးကောက်ပွဲရလဒ် အလိုမရှိ။ လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရေး စတဲ့စာသားတွေပါတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားရေးလှုပ်ရှားသူတွေနဲ့
ပြည်ခိုင်ဖြိုးပါတီဝင် တစ်ရာနီးပါး လာရောက်ဝန်းရံခဲ့ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးမြင့်နိုင်ထွေးဟာ ဇန်နဝါရီလ ၄ရက်နေ့က မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ ငြိမ်းစုစီလာတင်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့မရဲစခန်းကနေ သိရပါတယ်။

၂၀၂၀ရွေးကောက်ပွဲအပြီးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို တရားမျှတမှုမရှိဘူးဆိုပြီး တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲကော်မရှင်ဖျက်သီမ်းပေးရေးအတွက်
ဆန္ဒထုတ်ဖော်တာတွေကို မကြာခဏပြုလုပ်လာကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ကလည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုမှာ ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးရေးနဲ့ လွတ်လပ်တဲ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးဖို့အတွက် ဆန္ဒပြခဲ့ကြလို့ ဖမ်းဆီးခံထားရသူတွေနဲ့ တရားစွဲဆိုခံထားရသူတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #UECဖျက်သိမ်းရေး #တကိုယ်တော်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW