ရွှေပြည်သာမှာဖမ်းမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲက ၅ ဦးမှာ ကိုဗစ်ပိုးတွေ့

ဇန်နဝါရီ ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားအေ‌ထာက်ထားမဲ့သူ ၉၉ ဦးကို ကျန်းမာရေးစစ်ဆေးလိုက်ချိန် အမျိုးသမီး ၅ ဦးမှာ Covid-19 ပိုးတွေ့ရှိထားတာဖြစ်တယ်လို့ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပါတယ်။

” လက်ရှိတော့ ပိုးတွေ့သူတွေကို ကွန်ပျုတာတက္ကသိုလ်ထဲက အဆောင်တစ်ခုမှာ သီးခြား ထပ်ခွဲထားတယ်။ ကျန်တဲ့လူတွေလည်း အဲ့ဒီတက္ကသိုလ်မှာပဲ သီးခြားထားတယ်။ နောက် ၃ ရက်အကြာမှာ ကိုဗစ်ပိုးထပ်စစ်တယ်”လို့ ဦးရန်အောင်မင်းကပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်းစုံကနေရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့ အမျိုးသား၊ အမျိုးသမီး ၉၉ ဦးဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဇန်နဝါရီ ၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ်၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်တွေက နေအိမ် နှစ်ခုမှာ ရောက်ရှိနေတာဖြစ်ပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကို ရန်ကုန်ကွန်ပျုတာတက္ကသိုလ်မှာ သီးခြားထားရှိချိန် အခုလို အမျိုးသမီး ၅ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံသားအထောက်အထားမဲ့ ၉၉ ဦးကို ဇန်နဝါရီ ၆ ရက်နေ့က နှာခေါင်း နဲ့ အာခေါင်တို့ပတ်နမူနာယူပြီး ဓါတ်ခွဲခန်းပေးပို့ စစ်ဆေးထားခဲ့ရာ နောက်တစ်နေ့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီကနေ သိရပါတယ်။

လက်ရှိမှာတော့ နိုင်ငံသားအထောက်အထားမဲ့ ၉၉ ဦးကို အခ‌ကြေးငွေယူဆောင်ပြီး ပို့ဆောင်ပေးမယ့် အမျိုးသား၊ အမျိုးသမီးလေးဦးကို ရွှေပြည်သာမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၆၇/၃၇၀ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo – ပူးပေါင်းစစ်ဆေးရေးအဖွဲ့
#voiceofmyanmar #VOM #ရန်ကုန် #အထောက်အထားမဲ့ငါးဦး #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW