ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဇန်နဝါရီ-၉-၂၀၂၁
မျိုးဆက် (VOM)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ သူ့နေရာကို ဆက်ခံမယ့်သူဖြစ်တဲ့ ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဓလေ့ထုံးစံတွေ ချိုးဖောက်ပြီး တက်ရောက်တော့မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတအဖြစ် ဝါရှင်တန်ဒီစီမှာ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနားတစ်ရပ်ကို ပြုလုပ်မှာဖြစ်ပါတယ်။

အားလုံးကတောင်းဆိုထားတဲ့အတိုင်း ဇန်နဝါရီ ၂၀ ရက်မှာကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မိမိအနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၈ ရက်မှာ သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်ကပြုလုပ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ သမ္မတဟောင်း ဘားရက်အိုဘားမား တက်ရောက်ခဲ့ပါတယ်။

ဒေါ်နယ်ထရန့်ထောက်ခံသူတွေဟာ ကက်ပီတိုအဆောက်အဦကို ဇန်နဝါရီ ၆ ရက်မှာ ဝင်ရောက်စီးနှင်းပြီး ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ကို အသိအမှတ်ပြုဖို့ ပူးတွဲအစည်းအဝေးကျင်းပနေတဲ့ ကွန်ဂရက်ကို နှောက်ယှက်ခဲ့ကြပါတယ်။

ဒီကိစ္စအပေါ် လှုံ့ဆော်မှုပြုတဲ့ ဒေါ်နယ်ထရန့်ကို ဝေဖန်မှုများကြီးထွားလာနေပါတယ်။ ဇန်နဝါရီ ၇ ရက်မှာတော့ အဆိုပါအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချတဲ့ ဗီဒီယိုတစ်ခုကို ဒေါ်နယ်ထရန့်က ထုတ်ပြန်ခဲ့ပြီး ချောမွေ့စွာ အသွင်ကူးပြောင်းရေးအတွက် ၎င်းက ကတိပြုခဲ့ပါတယ်။

Ref: NHK
Photo:
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW