ဟားခါးမြို့မှာ နေအိမ် ၃ လုံးမီးလောင်ပြီး လူ ၁ ဦးသေဆုံး

ဇန်နဝါရီ ၁၀ – ၂၀၂၁
ကိုတိုးကြီး(VOM)

ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်စဉ်မှာ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးသွားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။

” မနေ့ ၉ ရက်ည ၁၁ နာရီကျော်မှာ မီးစတင်လောင်တယ် ၊ ဒီမနက် ၁ နာရီမထိုးခင် အပြီးသတ် မီးငြိမ်းနိုင်ခဲ့တယ်၊ နေအိမ် ၃ လုံးမီးလောင် ဆုံးရှုံးခဲ့သလို အိမ်ငှားနေတဲ့ လူ ၁ ယောက်လည်း မီးလောင်သေဆုံးခဲ့တယ်”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာန ညပိုင်းတာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မီးလောင်သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ငှားရမ်းနေထိုင်တဲ့ နေအိမ် အိပ်ခန်းထဲက လျှပ်စစ် Heater အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရတာ ဖြစ်တယ်လို့ ဟားခါးခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်ဖြစ်စဉ်နဲ့ ပတ်သက်လို့ မီးဘေးသင့် မိသားစုအရေအတွက်နဲ့ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဌာနက တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo – ဟားခါးမီးသတ်ဦးစီးဌာန
#voiceofmyanmar #VOM #ဟားခါး #မီးလောင်မှု #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW