တရုတ်နိုင်ငံက မြန်မာယာဉ်မောင်း ၁၁ဦးကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေး

ဇန်နဝါရီ ၁၁-၂၀၂၁
အေးချမ်းသူ(VOM)

တရုတ်အစိုးရကနေ မူဆယ်-မန့်ဝိန်းကားဂိတ်မှာရှိတဲ့ မြန်မာကုန်တင်ယာဉ်မောင်း ၁၁ ဦးကို ဒီကနေ့မနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့‌တယ်လို့ အဲ့ဒီနယ်စပ်မှာတာဝန်ကျနေတဲ့ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“ရှန်တိန်ယာဉ်မောင်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးတာပါ၊ ဒီနေ့ဆေးထိုးတာ ၁၁ ဦးပါ ဒုတိယအကြိမ်ပေါ့။ အရင်လကလည်း လေးဆ
ယ်ကျော်ထိုးသေးတယ်၊ ဂိတ်ကိုတော့မပိတ်ထားပါဘူး။ သေချာအစီအစဉ်တကျလုပ်နေပါတယ်”လို့ ယာဉ်ထိန်းရဲတပ်ကြပ်မျိုးမင်းသူက ‌VOMကို‌ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီမှူး ဦးအယ်လ်စိုးထန်ထူးက “ကျနော်တို့ဘက်က ကိုဗစ်စစ်တာ ဆေးမထိုးဘူး၊ ဆေးကလည်း မူဆယ်ကို တရုတ်ကလှူထားတာ၊ ဒီနေ့မှ ပြန်စစ်ရမှာ။ မစစ်တာသုံးရက်ရှိပြီ၊ ဒါက ပါဆင်နယ်ကိစ္စဖြစ်နေတယ် ကျနော်တို့နဲ့မဆိုင်ဘူး။ တရုတ်ဘက်ကလုပ်တာ ထိုးခွင့်ပြုတယ်၊မပြုဘူး ဆိုတာလည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”လို့ “လို့ VOMကိုပြောပါတယ်။

တရုတ်ပြည်ဘက်က မြန်မာယာဉ်မောင်းတွေကို ကာကွယ်ဆေး ဒုတိယအကြိမ် ပြန်လည်ထိုးပေးတာနဲ့ပတ်သတ်ပြီး အသိပေးအကြောင်းကြားခြင်းမရှိကြောင်း မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိူင်စိုးက VOMကို ပြောပါတယ်။

မူဆယ်မြို့နယ်၊ မူဆယ်-မန့်ဝိန်း နယ်စပ်ဂိတ်ကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၅ ရက်ကနေ ၁၄ ရက်အထိ ၁၀ ရက်ကြာ ၂၄ နာရီ စမ်းသပ် ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ အနီးကပ်ထိတွေ့အလုပ်လုပ်ရတဲ့ တရုတ်-မြန်မာနယ်စပ် အဝင်အထွက် အစားထိုးခေါက်တို မြန်မာယာဉ်မောင်းတွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၁၇ ရက်နေ့က ၂၃ ဦးနဲ့ ၂၉ ရက်နေ့က ၁၈ ဦး၊ စုစုပေါင်း ရှန်တိန်သမား ၄၁ ဦးကို တရုတ်ဘက်ကနေ ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #တရုတ်မြန်မာနယ်စပ် #မြန်မာယာဉ်မောင်း #ကိုဗစ်ကာကွယ်ဆေးထိုးပေး

Related posts

Leave a Comment

VOM News

FREE
VIEW