ခြံစည်းရိုးခတ်ရာကနေ ခိုက်ရန်ဖြစ်ပွားလို့ လူ ၂ ယောက်သေဆုံး ၅ ယောက် ဒဏ်ရာရ

မုံရွာ-ဇန်နဝါရီ ၁၂ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်း​မြဝတီရပ်ကွက် ၊ နယ်မြေ ၆ ၊ မြို့ပတ်လမ်း ဆွမ်းအုပ်အဝိုင်း မြောက်ဘက်အနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၁၂ရက်နေ့ခင်း ၂ နာရီက အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားလို့ လူသေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ မုံရွာနယ်မြေရဲစခန်းက သိရပါတယ်။

” ခြံစည်းရိုးခတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၂ ဖက်စကားများ ရန်ဖြစ်တာကနေ အပြန်အလှန် လေးခွနဲ့ပစ် ဓားနဲ့ခုတ်ကြတာဖြစ်တယ်၊ ဓားခုတ်ခံရတဲ့ လူနာ ၂ ယောက်က သတိမရသေးဘူး “လို့ မုံရွာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

ဒါပေမယ့်အဲ့ဒီ လူနာ ၇ ယောက်အနက်က သတိမရသူ အသက် ၁၇ နှစ်အရွယ် ကျော်ဇင်ဝင်းနဲ့ အသက်ကို ၃၃နှစ်အရွယ်မိုးဆွေဆိုသူဟာ မုံရွာဆေးရုံကြီးပေါ်မှာ ဆေးကုသနေစဥ် ဒီကနေ့ ညနေပိုင်းက သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ရန်ကုန် အဝေးသင် တက္ကသိုလ်က တွဲဘက် ပါမောက္ခဖြစ်သူ အမျိုးသမီး တစ်ယောက်က ဒီမနက်မှာ အလုပ်သမား ၅ ယောက်နဲ့ ခြံစည်းရိုးလာခတ်တာကို ရွှေဇလုတ် ရပ်ကွက်က လူ ၂၀ လောက်ရောက်လာပြီး ခြံစည်းရိုးခတ်နေတဲ့သူတွေကို လေးခွတွေနဲ့ ပစ်ခတ်ရာက၂ ဖက် ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ခုတ်ကြတာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

ဒီဖြစ်စဉ်ကို မုံရွာနယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေဆဲပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာလူသတ်မှု
ဓာတ်ပုံ ကိုတိုးကြီး

Related posts

Leave a Comment

VOM News

FREE
VIEW