တရုတ်သတ္တုတွင်းမှာ ပိတ်မိနေတဲ့အလုပ်သမား ၂၂ ဦးကို နှစ်ရက်ကြာချိန်ထိ မကယ်တင်နိုင်သေး

ပေကျင်း၊ ဇန်နဝါရီ ၁၃-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ဆောက်လုပ်ဆဲရွှေတွင်းတစ်ခု ပေါက်ပွဲမှုဖြစ်ပွားပြီးနောက် နှစ်ရက်ကြာချိန်ထိ ပိတ်မိနေတဲ့ အလုပ်သားမား ၂၂ ဦးကို ကယ်တင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ရုန်းကန်နေရပြီး မတော်ဆမှုဖြစ်ပွားပြီးနောက် နာရီ ၃၀ ကြာမြင့်ချိန်မှ သိရှိရတဲ့အပေါ် နိုင်ငံပိုင် သတင်းဌာနက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ပေါက်ကွဲမှုကြောင့် သတ္တုတွင်းရဲ့ ဆက်သွယ်ရေးစနစ်ပျက်စီးသွားတာကြောင့် ကယ်ဆယ်ရေးသမားတွေဟာ ပိတ်မိနေတဲ့ အလုပ်သမားတွေနဲ့ ဆက်သွယ်လို့မရသေးဘူးလို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ ဇန်နဝါရီ ၁၀ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီက ရှန်ဒေါင်းပြည်နယ်၊ ယန်တိုင်မြို့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကီဇီယာရှိ ဟူရှန်သတ္တုတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နောက်တစ်နေ့ ၈ နာရီ နာရီ ၃၀ အကြာမှ အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ကြတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။ ကမ္ဘာ့ပေါ်မှာ ကျောက်မီးသွေး အကြီးအကျယ်ထုတ်လုပ်တဲ့ တရုတ်နိုင်ငံမှာ သတ္တုတွင်းမတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာတော့ သတ္တုတွင်း မတော်တဆမှုတွေကြောင့် လူ ၅၇၃ ဦးထိ စံချိန်တင် သေဆုံးခဲ့တယ်လို့ တရုတ်နိုင်ငံ အမျိုးသားသတ္တုတွင်း အန္တရာယ်ကင်းရှင်းရေးအဖွဲ့က ပြောပါတယ်။

Ref: Reuters
Photo: AFP
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW