ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်အချို့ ကိုဗစ်ပိုးတွေ့လို့ ရဲစခန်းကို အသွားအလာကန့်သတ်

ဇန်နဝါရီ ၁၄ -၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့လယ်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးအထိ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ရဲစခန်းကို အသွားအလာကန့်သတ်လိုက်ရတယ်လို့ ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်က ပြောပါတယ်။

” လော့ခ်ဒေါင်းအဆင့်ထိ ချဖို့က အဆင်မပြေတော့ အသွားအလာကန့်သတ်တာမျိုး လုပ်လိုက်တာပါ။ အခုလ ၁၂ ရက်နေ့ညနေက ရဲမေတစ်ဦး အနံ့မရလို့ စစ်ဆေးချိန် ကိုဗစ်ပိုးတွေ့တယ်။ သူနဲ့ထိတွေ့ခဲ့တဲ့ တပ်ဖွဲ့ဝင် ၆၁ ဦး‌ကို စစ်ဆေးရာက ရဲတပ်ဖွဲ့မှူးနဲ့တပ်ဖွဲ့ဝင် တစ်ဦး
ပိုးထပ်တွေ့တာပါ လို့ ယင်းက ဆက် လက် ပြောပြပါတယ်။

ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဇန်နဝါရီ ၁၂ ရက်နေ့ ည‌နေပိုင်းက ဒုတပ်ကြပ်အဆင့် အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖျားနာပြီးအနံ့မရတဲ့အတွက် RDT Test Kit နဲ့ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့မ‌ှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ညောင်လေးပင်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တွေသာမက ထိ‌တွေ့သူအချို့ကို စစ်ဆေးရာ နှစ်ဦးထပ်မံပြီး ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၃ ဦး ကိုဗစ်လူနာအဖြစ် ကုသပေးထားရတယ်လို့ညောင်လေးပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိရောဂါပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ၂ ရက်နေ့က သနပ်ပင်မြို့နယ်ကို အလုပ်တာဝန်တွေနဲ့ သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိသူတွေဖြစ်တယ်လို့ညောင်လေးပင်မြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ညောင်လေးပင်မြို့နယ်အတ‌ွင်းမှာ ဒီကနေ့အချိန်ထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ(၂၂၇) ဦးရှိနေပြီဖြစ်တယ်လို့ ညောင်လေးပင်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

Photo – ကိုထွေး
#voiceofmyanmar #VOM #ညောင်လေးပင် #ကိုဗစ် #ရဲမှူးနဲ့တပ်ဖွဲ့ဝင်

Related posts

Leave a Comment

VOM News

FREE
VIEW