တရုတ်အစိုးရက ပြစ်ဒဏ်ကျ မြန်မာအကျဉ်းသားတစ်ရာကျော် ထပ်မံလွှတ်ပေး

ဇန်နဝါရီ ၁၅ -၂၀၂၀
အေးချမ်းသူ(VOM)

တရုတ်အစိုးရက အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာအကျဉ်းသားတွေကို ဒီကနေ့မနက်ပိုင်းက ထပ်မံလွှတ်ပေးခဲ့တယ်လို့ မူဆယ်မြို့ တရုတ်ကျောင်း ကွာရန်တင်းစင်တာကနေ သိရပါတယ်။

မူဆယ်မြို့ တရုတ်ကျောင်း ကွာရန်တင်းစင်တာ မှ ထောင်လွဲတာဝန်ခံဦးမျိုးမြင့်က “ဒီနေ့ပြန်လွှတ်တာ ယောက်ကျ်ားလေး ၁၀၉ယောက်၊ မိန်းခလေး ၉ယောက် အားလုံးပေါင်း ၁၄၀ပါ၊ ပြစ်ဒဏ်ခံယူပြီးတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားတွေကို မြန်မာ-တရုတ် နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေးဂိတ်ဖြစ်တဲ့ နန်းတော် ဂိတ်ကတဆင့် မြန်မာနိုင်ငံကို ပြန်လည် လွဲပြောင်းပေးခဲ့တာဖြစ်တယ်၊ အများစုက ကွမ်းတုံထောင်နဲ့ ဟွေ့ကျိုးထောင်တွေက အများဆုံးဖြစ်တယ်”လို့ VOMကို ပြောပါတယ်။

ပစ်ဒဏ်ကလွှတ်မြောက်လာသူတွေကို ကိုဗစ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးကာ မူဆယ်ကွာရန်တင်းစင်တာမှာ ၄ ရက်ထားရှိပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာ နေ့ရပ်ကိုပြန်လည်ပို့ဆောင်ဖို့ စီစဉ်သွားမယ်လို့ ထောင်လွဲတာဝန်ခံ ဦးမျိုးမြင့်ကပြောပါတယ်။

ဒီကနေ့ပြန်လည်လွှတ်မြောက်လာသူအများစုဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူအများစုဖြစ်ပြီး လ.ဝ.ကအမှုနဲ့ပြစ်ဒဏ် ၁ နှစ်ကျော်၊ ၂ နှစ်ဝန်းကျင်အထိ ကျခံခဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။

တရုတ်အစိုးရအနေနဲ့ ကိုဗစ်ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကို တရုတ်နိုင်ငံက အပတ်စဉ် သောကြာနေ့တိုင်း လွှဲပြောင်းပေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်အတွင်းကလည်း နှစ်နိူင်ငံချစ်ကြည်ရေးအရ တရုတ်အစိုးရကနေ မြန်မာအကျဉ်းသားပေါင်းလေးထောင်ခန့်ကို လွှတ်ပေးခဲ့တာဖြစ်တယ်လို့ မူဆယ်မြို့ တရုတ်ကျောင်းကွာရန်တင်းစင်တာ မှ ထောင်လွဲတာဝန်ခံဦးမျိုးမြင့်က VOMကိုပြောပါတယ်။

#voiceofmyanmar #VOM #တရုတ် #မြန်မာအကျဉ်းသား #ပြန်လွှတ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW