ဒီးမော့ဆိုမှာ ယာဉ်တိုက်မှုနဲ့ဖမ်းခံရတဲ့ အချုပ်သားတစ်ဦး ကိုဗစ်‌ပိုးတွေ့

ဇန်နဝါရီ ၁၇ -၂၀၂၁
ကောင်းလက်ျာ(VOM)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့က လမ်းဖြတ်ကူးသူကို ကားနဲ့ဝင်တိုက်ရာက လူသေဆုံးသွားလို့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား တစ်ဦးမှာ Covid-19 ပို‌းတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီအမျိုးသားနဲ့ ထိတွေ့ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ ပြင်ပလူပုဂ္ဂိုလ် ၆ ဦး၊ စုစုပေါင်း၂၀ ဦးကို ကွာရန်တင်း ပြုလုပ်ထားရတယ်လို့ ဒီးမော့ဆိုမြို့နယ်ရဲတပ်ဖွဲ့မ‌ှူးရုံးကနေ သိရပါတယ်။

” ယာဉ်တိုက်မှုနဲ့ အဖမ်းခံထားရတာကို မနေ့က Test Kitနဲ့စစ်ဆေးချိန်ပိုးတွေ့ရတာ။ ဖယ်ခုံဘက် ခရီးသွားရာဇဝင်ရှိထားတယ်လို့ သိရတယ်။ လက်ရှိရဲတပ်ဖွဲ့ဝင်နဲ့ ထိတွေ့သူ၂၀ ကို စောင့်ကြည့်ထားတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရောဂါပိုးတွေ့ရှိသူ အမျိုးသားဟာ ပြီးခဲ့တဲ့ နှစ်ရက်ခန့်က ဖယ်ခုံမြို့နယ်၊ ဆီဘူးဒေသကို သွားလာထားသူတစ်ဦးဖြစ်ပြီး လက်တစ်လော ဒီးမော့ဆိုမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ – ၃၀၄(က)နဲ့ အမှုဖွင့်ထားကာ မြို့နယ်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေတယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့တဲ့အမျိုးသားနဲ့ ထိတွေ့ထားသူ ၆ ဦးကို စိုက်သိပ္ပံ CBFQ နဲ့ လွိုင်ကော်ပညာရေးကောလိပ်CBFQတို့နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကို ဒီးမော့ဆိုမြို့မရဲစခန်းမှာထားရှိကာ ကိုဗစ်ရောဂါပိုး စစ်ဆေးသွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo – ရွှေလွိုင်ကော်ပရဟိတအဖွဲ့
#voiceofmyanmar #VOM #ဒီးမော့ဆို #အချုပ်သား #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW