အမေရိကန် ပြည်နယ်လွှတ်တော်တွေပြင်ပမှာ လက်နက်ကိုင်ဆန္ဒပြသူတွေ စုရုံး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ -၂၀၂၁
မျိုးဆက်(VOM)

ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အဆောက်အဦမှာ လူသေဆုံးမှုတွေပါဖြစ်စေခဲ့တဲ့ အဓိကရုဏ်းတွေအပြီး အမေရိကန်ပြည်နယ်လွှတ်တော်တွေပြင်ပမှာ ဇန်နဝါရီ ၁၇ ရက်က ဆန္ဒပြသူတွေစုဝေးခဲ့ကြ သူတွေထဲက အချို့ဟာ လက်နက်တွေကိုင်ဆောင်ထားကြပါတယ်။

တက္ကဆက်၊ အော်ရီဂွန်၊ မီချီဂန်၊ အိုင်ဟိုင်းယိုးနဲ့ အခြားပြည်နယ်တွေက လွှတ်တော်တွေမှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး အဓိကရုဏ်းဖြစ်တာတွေ မရှိခဲ့ပါဘူးလို့ သတင်းတွေကဆိုပါတယ်။

အမေရိကန်ထောက်လှမ်းရေးဗျူရိုကတော့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီ ၂၀ ရက်မတိုင်ခင် လက်နက်ကိုင်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အဲ့ဒီသတင်းကြောင့် ကျမ်းသစ္စာကျိန်ဆိုမယ့် ဝါရှင်တန်ဒီစီမှာ အမျိုးသားအစောင့်တပ်ဖွဲ့ ၂၅၀၀၀ ထိချထားပြီး အဲ့ဒီနေ့မှာ တပ်တွင်းပုန်ကန်မှုပါဖြစ်လာမှာကို စိုးရိမ်ပူပန်ကြောင်း အမေရိကန်ကြည်းတပ်အတွင်းရေးမှူး ရိုင်ယန်မက်ကာသီက အေပီသတင်းဌာနကို ပြောပါတယ်။

အမေရိကန်မြို့ကြီးအများစုမှာတော့ ဖြစ်လာနိုင်တဲ့ အကြမ်းဖက်မှုတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး အတားအဆီးတွေချထားကာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကိုလည်း ချထားမှုတွေ ပြုလုပ်နေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW