ဂျပန်မှာ ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ကောင်ရေ ခြောက်သန်းနီးပါးထိ စံချိန်တင်သုတ်သင်

တိုကျို၊ ဇန်နဝါရီ ၁၈-၂၀၂၁
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေတာကြောင့် အခုရာသီမှာ ကြက်ကောင်ရေ ၅ ဒသမ ၈ သန်းကို စံချိန်တင် သုတ်သင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာနှောင်းပိုင်းမှ ကူးစက်မှုမြန်ဆန်တဲ့ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ပြည်နယ် ၁၅ ခုရှိ မွေးမြူရေးခြံ ၃၆ ခုမှာ တွေ့ရှိခဲ့ပြီး ကာဂါဝါ၊ မီယာဇာကီအပါအဝင် ဂျပန်နိုင်ငံအနောက်ပိုင်းမှ ဂျီဖူ၊ ချီဘာအပါအဝင် ဂျပန်နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းအထိ ပျံ့နှံ့ခဲ့ပါတယ်။

ကြက်တွေသုတ်သင်ခဲ့ရတဲ့ ယခင်စံချိန်ကတော့ ၂၀၀၅-၂၀၀၆ ခုနှစ်မှာဖြစ်ပြီး ကြက်ကောင်ရေ ၅ ဒသမ ၇၈ သန်းဖြစ်ကာ အိုင်ဘာရာကီနဲ့ဆိုင်တမာပြည်နယ်တို့မှာ အများဆုံးသုတ်သင်ခဲ့ရပါတယ်။

လက်ရှိမှာ ကြက်တွေကို သုတ်သင်နေဆဲဖြစ်တာကြောင့် အခုနှစ်ရာသီမှာ သုတ်သင်ခံရတဲ့ ကြက်ကောင်ရေဟာ ခြောက်သန်းအထိ မြင့်တက်လာဖွယ်ရှိနေပါတယ်။

အစိုးရကျွမ်းကျင်သူတွေရဲ့ ကွင်းဆင်းလေ့လာချက်တွေအရ မွေးမြူရေးလုပ်ငန်းတွေဟာ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ အချို့ဟာ လုံလောက်တဲ့ ပိုမွှားသန့်ရှင်းမှုမပြုလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ အချို့ကတော့ တောရိုင်းတိရိစ္ဆာန်တွေ ဝင်ရောက်မှုရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။

Ref: NHK
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW