ဂျပန်မှာ နှင်းမုန်တိုင်းကြောင့် ကားအစီး ၁၃၀ ဆင့်တိုက်မှုဖြစ်ပွား

တိုကျို၊ ဇန်နဝါရီ ၂၀-၂၀၂၁
မျိုးဆက် (VOM)

ဂျပန်နိုင်ငံမြောက်ပိုင်းက အဝေးပြေးလမ်းမကြီးတစ်ခုမှာ နှင်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်ခဲ့တာကြောင့် ကားအစီး ၁၃၀ ခန့် ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိသွားပါတယ်။

အဲ့ဒီမတော်တဆမှုဟာ မီယာဂီပြည်နယ်ရှိ တိုဟိုကူအဝေးပြေးလမ်းပေါ်မှာ ဇန်နဝါရီ ၁၉ ရက်နေ့လယ်ပိုင်းက နှင်းမုန်တိုင်းအကြီးအကျယ်တိုက်ခတ်ခဲ့တာကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကားတွေဆင့်တိုက်တဲ့နေရာမှာ လူ ၂၀၀ ကျော်ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ဂျပန်နိုင်ငံမှာ မကြာသေးမီသီတင်းပတ်တွေအတွင်း ဆိုးရွားတဲ့နှင်းမုန်တိုင်း တိုက်ခတ်မှုတွေကြုံတွေခဲ့ရပြီး အချို့ဒေသတွေမှာ မျှော်မှန်းထားတာထက် နှစ်ဆပိုပြင်းထန်နေပါတယ်။

နှင်းမုန်တိုင်းကြောင့် တိုဟိုကူဒေသက မီးရထားဝန်ဆောင်မှုအချို့ကိုလည်း ဖျက်သိမ်းခဲ့ရပြီး ဂျပန်နိုင်ငံရဲ့ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်ကိုပါ အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။

ဒေသအတွင်း လာမယ့် ၂၄ နာရီအတွင်းမှာ နှင်းထု ၁၅ လက်မအထိ စံချိန်တင်ကျဆင်းဖွယ်ရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့လကလည်း ကာနက်ဆုအဝေးပြေးလမ်းမပေါ်မှာ ဆီးနှင်းထူထပ်စွာ ကျရောက်ခဲ့တာကြောင့် မော်တော်ယာဉ် ၁၀၀၀ ကျော်နှစ်ရက်ကြာ သောင်တင်ခဲ့ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW