မော်လမြိုင်ကျွန်းမြို့မှာ နိုင်ငံသားအထောက်အထားမဲ့(၃၄)ဦး ဖမ်းမိ

ဇန်နဝါရီ ၂၀ -၂၀၂၁
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ၊ မနေ့ ဇန်နဝါရီ ၁၉ရက်နေ့က ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့(၃၄)ဦး ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ကျွဲခြံကျေးရွာအဝင် သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်ထဲရပ်ထားတဲ့ စက်လှေကို မသင်္ကာစရာဖြစ်နေလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။

” အမျိုးသား ၇ ယောက် အမျိုးသမီး ၂၇ ယောက်ပေါ့၊ လောလောဆယ် အဲ့ဒီရွာမှာပဲ စစ်ဆေးတာတွေ ပြုလုပ်ဖို့အတွက် ထိန်းသိမ်းထားပါတယ်”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-ရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

အထောက်အထားမဲ့ ၃၄ ဦးကို ရွာဘုန်းကြီးကျောင်းဓမ္မာရုံမှာ ကွာရန်တင်းထားရှိပြီး လိုက်ပို့တဲ့ စက်လှေမောင်းသမား ၃ ဦးကတော့ ထွက်ပြေးနေတာကြောင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအစပိုင်းက ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ၇ ဦးကိုတော့ သူတို့နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo _ထွန်းထွန်းနိုင်

#voiceofmyanmar #VOM #မော်လမြိုင်ကျွန်း #နိုင်ငံသားအထောက်အထားမဲ့

Related posts

Leave a Comment

VOM News

FREE
VIEW