မြင်းခြံက တပ်ထောက်ခံပွဲ ဦးဆောင်သူ သုံးဦးကို သဘာဝဘေးဥပဒေနဲ့ ထပ်မံအမှုဖွင့်

ဇန်နဝါရီ ၂၀ -၂၀၂၁

မောင်တာရာ (VOM)

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲတရားမျှတမှုလိုလားကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ၃ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေတွေနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

”ကျွန်မတို့က စည်းကမ်းချက်နဲ့အညီ တင်ထားတဲ့ အတိုင်း တသွေမတိမ်းလိုက်နာပြီး စည်းကမ်းချက်နဲ့အညီပဲ စီတန်းလှည့်လည်တယ်။ ဒါကို ကျွန်မအပါ ၃ ဦးကို ငြိမ်းစုစီဥပဒေနဲ့ အရင် တရားစွဲတယ်ဆိုတယ်။ ငြိမ်းစုစီဥပဒေက အာမခံရတဲ့အတွက် ကျွန်မတို့ကို အာမခံပေးပါတယ်။ နောက်ရက်ကျ ကျွန်မတို့ကို သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ ထပ်ပြီး အမှုဖွင့်ထားပါတယ်ဆိုပြီး အကြောင်းကြားလာတယ်။ သဘာဝဘေးအန္တရာယ်ဥပဒေနဲ့က သူတို့က ဝန်းရံသူတွေပါလာလို့ ပြောတာပဲ၊ ကျွန်မတင်တာက လူ ၃၀ ထက် မကျော်သော လူများနဲ့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်မယ် စုဝေးဟောပြောတယ်၊ လူ ၃၀ ထက်ပိုပြီး လာရောက်ဝန်းရံသူတွေက ကျွန်မနဲ့လည်း မဆိုင်ဘူး၊ ကျွန်မခေါ်လည်း မခေါ်ထားဘူး”လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဒေါ်သီတာယုမွန်ကပြောပါတယ်။

မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က​တော့ ”လူ ၃၀ ထက်ပိုတယ်၊ ကိုဗစ်စည်းကမ်းကို ဖောက်ဖျက်တာပဲလေ၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ထားတဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်တဲ့အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူတာ၊သုံးယောက်ကို အရေးယူထားတာပါ ”လို့ ပြောပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူတွေ ဖြစ်တဲ့ ဒေါ်သီတာယုမွန် အပါအ၀င် ၃ ဦးကို မြင်းခြံမြို့မရဲစခန်းက ငြိမ်စုစီဥပဒေပုဒ်မ(၂၀)နဲ့ ကနဦးအမှုဖွင့်ထားတာဖြစ်ပြီး ဒီကနေ့မှာတော့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)၊ (၃၀)တို့နဲ့ ထပ်မံအမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းခြံ #တပ်ထောက်ခံပွဲ #ဦးဆောင်သူ #သဘာ၀ဘေးဥပဒေနဲ့အမှုထပ်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW