ပခုက္ကူမြို့က ၁၉၉၀ ခုနှစ် NLDပြည်သူလွှတ်တော်အမတ် ဦးလှိုင်ဧ ကွယ်လွန်

ဇန်န၀ါရီ ၂၀ -၂၀၂၁
နေလင်းဖြူ(VOM)
မကွေးတိုင်း၊ ပခုက္ကူမြို့မှာနေတဲ့ ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် အရွေးချယ်ခံပြည်သူလွှတ်တော်အမတ် ဦးလှိုင်ဧ အသက်(၈၀)နှစ်ဟာ ဒီကနေ့မနက် ၃ နာရီကျော်က သွေးတိုးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့မိသားစု၀င်တွေဆီကနေ သိရပါတယ်။
” ဆရာဦးလှိုင်ဧ က ပခုက္ကူမြို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်သူ မြို့နယ်ပါတီအလုပ်အမှုဆောင်ဥက္ကဌဖြစ်တယ်၊ ၁၉၉၀ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် အမှတ်၂ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံအမတ်တစ်ဦးဖြစ်​တယ်”လို့ ၁၉၉၀ ခုနှစ် အမှတ်(၁) ပြည်သူလွတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာကြည်မင်းကပြောပါတယ်။
ဦးလှိုင်ဧဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ ရန်ကုန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ပြီး တပတ်အကြာ ပခုက္ကူမြို့ရဲ့ ပထမဆုံး NLDအလုပ်အမှုဆောင်ဥက္ကဌတာဝန်ထမ်းဆောင်ပြီး ပထမအကြိမ် NLD ညီလာခံသဘာပတိနဲ့ မကွေးတိုင်းညီလာခံဥက္ကဌ ဗဟိုဦးစီးကော်မတီဖွဲ့ဝင်အဖြစ် ပါတီတာဝန်တွေကိုထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
” နိုင်ငံလှုပ်ရှားမှုကြောင့် အကြိမ်ကြိမ်ထိန်းသိမ်းခံရပြီး၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကိုဦးဆောင်ခဲ့တာကြောင့် မြင်းခြံနဲ့ကလေးထောင်မှာ ၇နှစ်အမိန့်ချမှတ်​ခံခဲ့ရသူဖြစ်တယ်”လို့ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲအနိုင်ရ မကွေးတိုင်းဒေသကြီးအမှတ်၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဌေးဌေးလှိုင်ကပြောပါတယ်။
၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပါတီအောင်နိုင်ရေးဥက္ကဌတာ၀န်ထမ်းဆောင်ပြီး ၂၀၁၅ခုနှစ်မှာ ကျန်းမာရေအရ ပါတီကနေနုတ်ထွက်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW