မိုင်းတုံမှာ သတ်ဖြတ်ခံရတဲ့လက္ခဏာနဲ့ အလောင်းနှစ်လောင်းတွေ့

ဇန်နဝါရီ ၂၁ -၂၀၂၁
ကောင်းလက်ျာ(VOM)

ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူရွာနားက မိုင်းဟန်ချောင်းစပ်မှာ မနေ့ ဇန်နဝါရီ၂၀ရက် ညနေပိုင်းက သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပုပ်ပွသေဆုံနေသော အမျိုးသား၊ အမျိုးသမီး အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရတယ်လို့ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” အမျိုးသားက အသက် ၅၀ လောက်ခန့်မှန်းရပြီး အမျိုးသမီးက အသက် ၃၀ ပိုပိုရှိနိုင်တယ်။ မည်သူမည်ဝါ အတည်ပြုလို့မရအောင် ပုပ်ပွ သေဆုံးနေတာဆိုတော့ သေဆုံး‌သူတွေကို အရင်စုံစမ်းရပါတယ်။ အလောင်းတေ‌ွကို အိတ်တွေနဲ့ထုတ်ပြီး စွန့်ပစ်ထားတာ”လို့ နားကောင်းမူးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို နားကောင်းမူးနယ်မြေရဲစခန်း တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာမှာတော့ အဖြူရောင်ဆာလာအိတ်တစ်ခုနဲ့ထုတ်ထားပြီး အလောင်း ၂လောင်းကို သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ပုပ်ပွသေဆုံး‌နေတာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အရပ် ၅ ပေခန့် ဦးခေါင်းနဲ့ ပါးစပ်နေရာမှာသံကြိုးတွေနဲ့ ချည်ထားတဲ့အပြင် လက်နှစ်ဖက်ကို လက်ထိပ်ခတ်ခံထားရတဲ့အပြင် ဦးခေါင်းဒဏ်ရာ ၁ ချက်၊ ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ ၂ ချက်တွေ့ရပါတယ်။

အဲ့ဒီအ‌လောင်းရဲ့ကိုက်တစ်ရာခန့်မှာ အဝါရောင်အိတ်နဲ့ ကိုယ်တစ်ပိုင်းစီ ဖြတ်တောက်ထည့်ထားပြီး နေရာအနှံ့ထိုးသွင်းဒဏ်ရာ ၆ ချက်လောက်နဲ့ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်းကို ထပ်မံတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ နားကောင်းမူးနယ်မြေရဲစခန်းမှာ (ပ)၂/၂၀၂၁၊ ရာဇသတ်ကြီးဥပ‌ဒေပုဒ်မ – ၃၀၂ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့
သိရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်ခန့်ကလည်း မိုင်းတုံနယ်မြေ၊ မဲကင်းကျေးရွာ အနီး၊ မဲကင်းချောင်းအတွင်းမှာ ကြိုးနဲ့တုပ်နှောင်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်းနှစ်ခုတွေ့ရှိခဲ့တယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသဟာ မူးယစ်ဆေးဝါး‌ ‌ရောင်းဝယ်‌ရေးလုပ်ငန်းတွေ နဲ့ လက်နက်ကိုင်ဆောင်မ‌ှုများတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မိုင်းတုံ #ပုပ်ပွရုပ်အလောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW