ဘဂ္ဂဒက်မှာ အိုင်အက်စ်တို့ အသေခံဗုံးခွဲ၊ ၃၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၂-၂၀၂၁
မျိုးဆက် (VOM)

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာ မနေ့ ဇန်နဝါရီ ၂၁ ရက်ကဖြစ်ပွားခဲ့တဲ့ လူ ၃၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုနှစ်ခုကို ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရှီးယိုက်မွတ်စလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဆွန်နီအိုင်အက်စ်စစ်သွေးကြွအဖွဲ့ရဲ့အာမက်သတင်းဌာနက ထုတ်ပြန်ချက်ကို ကြေညာခဲ့ပါတယ်။

ဒါဟာ သုံးနှစ်အတွင်း ဘဂ္ဂဒက်မြို့မှာ အကြီးမားဆုံး အသေခံဗုံးခွဲတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

တိုက်ခိုက်ရေးသမားတွေဟာ တီရာယန်ရင်ပြင်ရှိ အဝတ်အထည်အဟောင်းရောင်းတဲ့ဈေးအတွင်းမှာ ဈေးဝယ်သူ လူအုပ်ကြားမှာ အသေခံဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ဒေသအတွင်း အိုင်အက်စ်တို့ စစ်ရေးရှုံးနိမ့်ချိန်မှစပြီး ဘဂ္ဂဒက်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေဖြစ်တာ အလွန်ရှားပါးပါတယ်။

အိုင်အက်စ်တို့ဟာ အီရတ်အရှေ့ပိုင်းမှ ဆီးရီးယားအနောက်ပိုင်းထိ စတုရန်းမိုင် ၃၄၀၀၀ ကိုတစ်ချိန်က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဒေသခံရှစ်သန်းနီးပါးကို ရက်စက်စွာ အုပ်ချုပ်ခဲ့ကြပါတယ်။

စစ်ရေးအရ အိုင်အက်စ်တို့ ရှုံးနိမ့်ခဲ့ကြပေမယ့်လည်း အီရတ်နဲ့ ဆီးရီးယားတိုပမှာ အိုင်အက်စ်တိုက်ခိုက်ရေးသမား ၁၀၀၀၀ ကျော်ဆက်လက်လှုပ်ရှားနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက လွန်ခဲ့တဲ့ သြဂုတ်လမှာထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဘဂ္ဂဒက်

Related posts

Leave a Comment

VOM News

FREE
VIEW