ကုန်ကားမောင်းသူတယောက် မြဝတီချစ်ကြည်ရေးတံတားပေါ်က ခုန်ချသေ

ဇန်ဝါရီ ၂၄-၂၀၂၁

ကောင်းလက်ျာ(VOM)

 

ကရင်ပြည်နယ် မြဝတီမြို့နယ်စပ် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်ကနေကုန်တင်ယာဉ်မောင်းတစ်ဦး ခုန်ချသေဆုံးမှုတစ်ခု ဇန်နဝါရီ ၂၃ ရက်‌ မွန်းလွဲ ၂ နာရီကျော်က ဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါတယ်။

 

“မြဝတီမြို့ခံ ကားသမားပါ။ အခင်းဖြစ်နေ့က တံတားပေါ်မှာ သူ့ကားကိုရပ်ပြီး ခုန်ချသေဆုံးခဲ့တာ၊  မိသားစုဝင်တွေအပြောကတော့ ငွေကြေးအခက်တစ်ချို့ရှိနေတယ်လို့ သိရကြောင်း “ မြဝတီမြို့မရဲစခန်းမှူး ဒု-ရဲမှူး အောင်ကျော်ဌေးက   ပြောပြပါတယ်။

 

သေဆုံးသူဟာ ‌မြဝတီမြို့နယ် အမှတ်၄ ရပ်ကွက် အသက် ၃၆ နှစ်အရွယ်ကိုထူးဆိုသူဖြစ်ပြီး မြဝတီနဲ့ထိုင်းနိုင်ငံက မုန့်မျိုးစုံသယ်ဆောင်တဲ့ ကုန်တင်ကားလေးမောင်းသူတစ်ဦးဖြစ်ကာ အခင်းဖြစ်နေ့က ချစ်ကြည်ရေး တံတားပေါ်ကားကို ရပ်ထားပြီး ရေထဲခုန်ချသတ်သေသွားတာဖြစ်တယ့်အပြင် လုပ်ငန်းအမှားယွင်းများကြောင့်ငွေကြေးခက်ခဲပြဿနာတစ်ခု ဖြစ်ပေါ်နေတယ်လို့ မြဝတီမြို့မရဲစခန်းက သိရှိရပါတယ်။

 

အဆိုပါ လူသေဆုံးမှုနဲ့ ပတ်သက်လို့မြဝတီမြို့မ ရဲစခန်းမှာ သေမှုသေခင်းနဲ့အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ ရဲစခန်းကပြောပါတယ်။

 

#voiceofmyanmar #VOM #မြဝတီကားသမား

ဓါတ်ပုံ-ထိန်လင်း(IPRD)

 

Related posts

Leave a Comment

VOM News

FREE
VIEW