KNU(N.D.A) ဒုဗိုလ်မှူးကြီး ငှားရမ်းနေထိုင်တဲ့ အိမ်ထဲက လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၄ ၊ ၂၀၂၁
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း ကောလင်းမြို့ မြောက်အင်းရပ်ကွက် အောင်သီရိရပ် အမှတ် ၂ လမ်းမှာ ငှားရမ်းနေထိုင်တဲ့ KNU (N.D.A) အဖွဲ့က ဒုဗိုလ်မှူးကြီး တစ်ယောက်ရဲ့ နေအိမ်ကို မူးယစ်ဆေးဝါးနဲ့ ရွှေသတ္ထုသတင်းအရ ကောလင်းမြို့မရဲစခန်းမှူး ဦးဆောင်တဲ့အဖွဲ့က မနေ့ ဇန်နဝါရီ ၂၃ ရက် နေ့ခင်းပိုင်းက ဝင်ရောက်ရှာဖွေ စစ်ဆေးတဲ့အခါ လက်နက်ခဲယမ်းတွေ သိမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” ဒသမ 38 ပစ္စတိုကျည် ၁၂ တောင့်၊ USA ပစ္စတိုသေနတ်အိတ် ၁ ခု ၊ ရွှေသတ္ထုမြေအိတ် ၃၃ အိတ်၊ ဒင်မှ ပြောင်းအရှည် ၂ ဒသမ ၃ ပေရှိ ဒူးလေး သေနတ် ၁ လက်၊ ဒင်မှ ပြောင်းအရှည် ၄ ပေရှိ လေသေနတ် ၁ လက် ၈ မီလီမီတာ သံဘောစိ ၂၅ လုံးနဲ့ ရွှေချက်ကန် ဖျက်သိမ်းထားတဲ့ မြေစာ ၂ ပိသာကို KNU (N.D.A)အဖွဲ့က ဒုဗိုလ်မှူးကြီး အဆင့်ရှိတဲ့သူ စောအယ်ထူး(ခ) စောရာဇာ ငှားနေတဲ့ အိမ်ထဲက သိမ်းဆည်းရတာဖြစ်တယ် ” လို့ ကောလင်းမြို့မရဲစခန်းက ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ လက်နက်ခဲယမ်းတွေနဲ့ ရွှေသတ္ထုမြေစာအိတ်တွေ သိမ်းဆည်းရရှိတာနဲ့ ပတ်သက်လို့ ကောလင်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရားမဝင် လက်နက် ခဲယမ်းတွေ ထားရှိတဲ့ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူဟာ စစ်ကိုင်းမြို့ ပါရမီရပ်ကွက်မှာ နေထိုင်ပြီး ကောလင်းမြို့ မြောက်အင်းရပ်ကွက် အောင်သီရိရပ် ၂ လမ်းမှာ အိမ်ငှားဖြင့် ယာယီ နေထိုင်သူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီလ ၉ ရက်နေ့ကလည်း စစ်ကိုင်းမြို့ ရွာထောင်မြို့သစ် တိုးချဲ့ရပ်ကွက်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ PLA အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိတဲ့ အိန္ဒိယနိုင်ငံသား တစ်ယောက်ဟာ အိမ်ထောင်ပြုပြီး အခြေတကျ ခိုအောင်းနေထိုင်ခဲ့တဲ့ ဖြစ်စဥ် တခုဖြစ်ပွားခဲ့ပါသေးတယ်

#voiceofmyanmar #VOM #ကောလင်း #KNU(NDA) #လက်နက်ခဲယမ်းတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW