မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရ

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ-၂၅-၂၀၂၁
မျိုးဆက်(VOM)

မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒေါဟာ သူ့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတယ်လို့ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

သူ့မှာ ရောဂါ အပျော့စားရောဂါလက္ခဏာတွေ ပြသပြီးနောက် ဆေးစစ်ကြည့်ရာမှာ ရောဂါကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ အသက် ၆၅ နှစ်အရွယ် မက္ကဆီကိုသမ္မတက ပြောပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူတစ်သိန်းခွဲနီးပါး သေဆုံးနေပြီး ကူးစက်မှုတွေ မြင့်တက်နေချိန် သမ္မတမှာပါ ရောဂါကူးစက်ခံရတာဖြစ်ပါတယ်။

သူ့အနေနဲ့ ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးဝယ်ယူရေးနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးခြင်းအပါအဝင် နေအိမ်မှသာ တာဝန်တွေထမ်းဆောင်သွားမယ်လို့ သမ္မတ လိုပက်ဇ်အိုဘရာဒေါက ပြောပါတယ်။

ရုရှားနိုင်ငံထုတ် ကာကွယ်ဆေးဟာ ရောဂါကာကွယ်ဖို့ ထိရောက်တယ်ဆိုရင် ဆေးအလုံးရေ ၁၂ သန်းဝယ်ယူသွားမယ်လို့ မက္ကဆီကိုသမ္မတက လွန်ခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။

မက္ကဆီကိုဟာ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၄၉၆၁၄ ဦးထိရှိလာနေပြီး အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့ပြီးရင် ကမ္ဘာပေါ်မှာသေဆုံးမှုအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW