မူးယစ်ဆေးဝါးအမှုနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ ဆန္ဒပြ

ဇန်နဝါရီ ၂၅ -၂၀၂၁
အေးချမ်းသူ(VOM)

မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ ဦးဆောင်သူနဲ့ လူ ၁၁ဦးဟာ မည့်သည့်ကြွေးကြော်သံမှပြုလုပ်ခြင်းမရှိဘဲ မတရားမှုကို ဆန့်ကျင်ကြ ၊ရပ်ကွက်နေ ဆယ်/
ရာအိမ်မှူးများမသိဘဲ ဖမ်းဆီးခံခြင်းမှ လွတ်မြောက်ရေး၊ မတရားဖမ်းဆီးခံရမှုမှ လွတ်မြောက်ရေး၊ အရွယ်မရောက်သည့် မိန်းခလေးနှစ်ဦး၏ ဂုဏ်သိက္ခာအား ထောက်ထားပါ စတဲ့ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဆန္ဒပြရခြင်းအကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်နေ့က သာကေတမြို့နယ်၊ ၂တောင်ရပ်ကွက်၊ မာန်ပြေ ၃လမ်းရှိနေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါးရောင်းတယ်ဆိုကာ လုပ်ကြံဖမ်းဆီးခံရတဲ့အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ရက်နေ့ကလည်း အလွတ်တန်းသတင်းထောက်တစ်ဦးဟာ ဖမ်းဆီးခံထားရတဲ့ ဒေါ်လှလှဌေး(ခ)မမှုံကိစ္စကို အမှုမှန်ပေါ်ပေါက်ဖို့ တစ်ကိုယ်တော်ဆန္ဒပြမှုပြုလုပ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မူးယစ်ဆေးဖမ်းခံရအမျိုးသမီး #အမှုမှန်ပေါ်ဖို့ #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW