တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲ လူပေါင်း ရာနဲ့ချီ ဆန္ဒပြ

ဇန်နဝါရီ ၂၉ -၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဦးထောင်ဘိုအဝိုင်းအနီး ၊ ကမ္ဘာအေဘုရားလမ်းပေါ်မှာ ဒီကနေ့နေ့လယ်ပိုင်းမှာ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ပွဲကို လူပေါင်းရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ ဦးမြင့်စန်းက “၂၀၁၅မှာလည်း ရွေးကောက်ပွဲလုပ်တာပဲ၊ လုပ်ခဲ့တဲ့အခြေအနေတစ်ရပ်အပေါ်မှာ စေတနာအမှား မှားတာကိုလက်ခံလို့ရတယ်၊ အခုလို ရည်ရွက်ချက်ရှိရှိနဲ့မှားတာကို လက်ခံလို့မရပါဘူး၊ ကျနော်ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒပြတာပါ”လို့ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လူ၃၀ခန့်နဲ့ ဗဟန်းမြို့မရဲစခန်းမှာ ငြိမ်းစုစီတင်ထားပေမယ့် ဒီကနေ့ပြုလုပ်တဲ့ပွဲမှာတော့ လူပေါင်းရာနဲ့ချီပြီး ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ဆန္ဒပြသူတွေဟာ “UECအလိုမရှိ၊ မဲလိမ်မဲခိုးအစိုးရ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဗဟန်းကြေးသွန်းဘုရာအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အချိန်ကနေ လက်ရှိအချိန်ထိ တပ်မတော်ထောက်ခံပွဲနဲ့ UECကန့်ကွက်ဆန္ဒပြတာတွေ မကြာခဏပြုလုပ်လာတာကို တွေ့ရပြီး ကန့်ကွက်ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလို ဦးဆောင်ဆန္ဒပြသူတွေကို ဖမ်းဆီးအမှုဖွင့်ထားတာတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လူပေါင်းရာနဲ့ချီ #UEC #ကန့်ကွက်ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW