ဇန်နဝါရီ ၂၉_၂၀၂၁
Voice of Myanmar
တတိယအကြိမ် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကို အရင်ကြေညာထားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အစား ဖေဖော်ဝါရီ ၂ရက်နေ့ကို ပြောင်းလဲကျင်းပမယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတာ မပြီးသေးလို့ ခုလိုမျိုး ရက်ရွှေ့လိုက်တာ ဖြစ်တယ်လို့ လွှတ်တော်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
အခုလို လွှတ်တော်ရက်ရွှေ့လိုက်တဲ့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေကို အခုချိန်ထိ အကြောင်းကြားထားခြင်းမရှိသေးဘဲ ဖေဖော်ဝါရီ ၁ရက်နေ့မှာ အဆင်သင့်လုပ်ထားဖို့ပဲ နောက်ဆုံးညွန်ကြားထားချက်ရှိတယ်လို့ သိရပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကိုတော့ အရင်ကြေညာထားတဲ့အတိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာပဲ ကျင်းပမယ်လို့ သိရပါတယ်။
#VoiceofMyanmar #VOM #အမျိုးသားလွှတ်တော်ရက်ရွှေ့