ထိုင်းနိုင်ငံက မြန်မာလုပ်သားတွေထဲက ဒုတိယအသုတ် ၁၀၆ ‌ဦးကို မဲဆောက်ကတစ်ဆင့် ပြန်လွဲှမယ်

ဇန်နဝါရီ ၃၀ -၂၀၂၁
ကောင်းလက်ျာ(VOM)

ထိုင်း-မြန်မာနယ်စပ် ရနောင်းမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်ထဲက ဒုတိယအသုတ် ၁၀၆ ဦးကို ဒီကနေ့မနက်ပိုင်းက ရနောင်းကနေ မဲဆောက်ကို ပြန်လည်လွဲှပြောင်း‌ပေးသွားမယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးကနေ သိရပါတယ်။

” နှစ်နိုင်ငံသဘောတူထားတဲ့အချက်တွေအရ တနင်္သာရီတိုင်းက လုပ်သားတွေကို ရ‌နောင်းကနေတစ်ဆင့် ကော့သောင်းကိုပြန်လွဲှပါမယ်။ ကျန်ပြည်နယ်နဲ့တိုင်းက လူတွေကတော့ ရနောင်းကနေ မဲဆောက်
ပြန်ပို့ပြီး လွဲှပြောင်းပေးမှာပါ”လို့ မြန်မာအလုပ်သမားသံအရာရှိ(ရနောင်းတာဝန်ခံ) ဦးထက်ဝေဖြိုးကပြောပါတယ်။

ပြန်လွှဲပြောင်းပေးသွားမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ မိသားစုဝင်တွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူ ၄၀၂ ဦးဟာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုအပါအဝင် အကြမ်းဖက်မှုမဟုတ်တဲ့ အမှုတွေနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ၂ လကနေ ၅ လကြာ ထိန်းသိမ်းခံထားရသူတွေဖြစ်တယ်လို့ ရနောင်းအုပ်ချုပ်ရေးမှူး Somkiat Sisanet က ပြောဆိုထားပါတယ်။

ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာ‌ရွေ့ပြောင်းလုပ်သားတွေပြည်တွင်းကို ပြန်မပို့ပေးသေးတဲ့အတွက် ဇန်နဝါရီလ ၂၅ ရက်နေ့က ထိန်းသိမ်းခံထားရတဲ့ မြန်မာလုပ်သားတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ကိုဗစ်-၁၉ အခြေအနေဆိုးရွားနေတာကြောင့် မြန်မာအစိုးရက ပြန်လက်ခံဖို့အသင့်မဖြစ်သေးတာဖြစ်တယ်လို့ အကြောင်းပြချက်ပေးထားပါတယ်။

အဲ့ဒီလိုတောင်းဆိုခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်ထဲက ပထမအသုတ်အဖြစ် ၁၅၉ ဦးကို ဇန်နဝါရီ ၂၈ရက်နေ့က ရနောင်းကနေတစ်ဆင့် ပြန်လည် လွဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။

Photo – Htet Wai Phyo
#voiceofmyanmar #VOM #ရနောင်း #မြန်မာလုပ်သား #ဒုတိယအသုတ်ပြန်လွှဲမယ်

Related posts

Leave a Comment

VOM News

FREE
VIEW