အမေရိကန်က အရေးယူပိတ်ဆို့မှုမရုပ်သိမ်းရင် နျူကလီးယားအစီအစဉ် အရှိန်မလျှော့ဘူးလို့ အီရန်ပြော

တီဟီရန်၊ ဇန်နဝါရီ ၃၀-၂၀၂၁
မျိုးဆက် (VOM)

အမေရိကန်က အရေးယူပိတ်ဆို့မှုတွေမရုပ်သိမ်းမီ အီရန်ရဲ့နျူကလီးယားအစီအစဉ် အရှိန်မြှင့်လုပ်ဆောင်နေတာတွေကို ပြောင်းလဲဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို လက်ခံမှာမဟုတ်ဘူလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ဇန်နဝါရီ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒီလိုတောင်းဆိုမှုဟာ လက်တွေ့မကျတာကြောင့် မဖြစ်နိုင်ဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အစ္စတန်ဘူမှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။

အမေရိကန်ဟာ ၂၀၁၅ ခုနှစ်နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည်မဝင်ရောက်မီ စာချုပ်ပါစည်းမျဉ်းတွေအရ နျူကလီးယားလုပ်ဆောင်မှုတွေအပေါ် ထိန်းချုပ်ထားတာကို အီရန်က ပြန်လည်လိုက်နာဖို့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရသစ်က ပြောကြားထားပါတယ်။

၂၀၁၈ ခုနှစ်မှာ အဲ့ဒီစာချုပ်ကနေနှုတ်ထွက်ပြီး အီရန်အပေါ်အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လိုက်တဲ့ သမ္မတဟောင်းဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုအဖြစ် အီရန်ဟာ စာချုပ်ပါစည်းမျဉ်းတွေကို တစ်ဆင့်ချင်းချိုးဖောက်နေခဲ့ပါတယ်။

အီရန်ဟာ အခုလအစောပိုင်းကလည်း နျူကလီးယားသဘောတူစာချုပ်မတိုင်မီက တည်ဆောက်ခဲ့တဲ့ မြေအောက်နျူကလီးယားစက်ရုံမှာ ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းတိုးမြှင့်သန့်စင်တာတွေကို ပြန်လည်စတင်ခဲ့ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW